35

9.8K 1.1K 59
                                    

အပိုင်း ၃၅။ နက်ရှိုင်းစွာ

ဟောင်ကောင်ခရီးစဉ်ရဲ့ ၅ ရက်မြောက်နေ့  နံနက်ခင်းမှာတော့ အိစက်နေတဲ့ အိပ်ရာပေါ်မှာ အတူရှိနေကျ အနွေးဓာတ်လေး ပျောက်ဆုံးသွားတာကို Leo သိလိုက်ရတယ်။

Leo တစ်ယောက် အိပ်မှုန်စုံမွှားနဲ့ ထလာပြီး အခန်းစေ့ လျှောက်ရှာတယ်၊ ခြံထဲရောက်နေတယ်အထင်နဲ့ မှန်စင်္ကြံအတိုင်း ထွက်ပြီး လိုက်ရှာတယ်။

နွားစာကျွေးနေတဲ့ အလုပ်သမား အမျိုးသမီးက ပျာယာခပ်နေတဲ့ Leo, ကို မြင်တော့ သူနဲ့အတူပါလာတဲ့ ကလေးက မနက်အစောကြီး ဒီကနေ ထွက်သွားကြောင်းနဲ့၊ မသွားခင် အိမ်ပြန်ချင်ကြောင်း၊ ဒီလို ဝမ်းနည်းစရာကောင်းတဲ့ နေရာမှာ ဆက်မနေလိုကြောင်း ပြောသွားတယ်လို့ Leo, ကို ပြန်ပြောလာတယ်။

အလုပ်သမား အမျိုးသမီးက အိန္ဒိယလူမျိုးမို့ စကားပြောရင် ခေါင်းတလှုပ်လှုပ်နဲ့ ပြောတတ်တာ၊ ဒီလောက် နှစ်တွေကြာနေတာတောင် သူ့ရဲ့မန်ဒရင်းစကားပြောကလဲ နားထောင်ရခက်နေတုန်းပဲ၊ သူဘာပြောချင်လဲ သိရအောင် Leo, မှာ မနည်းအာရုံစိုက်ထားရတယ်။

နောက်ဆုံးတော့ ရှောင်းကျန့်သူ့ကို နှုတ်မဆက်ဘဲ တိတ်တိတ်လေး ပြန်သွားရတဲ့အကြောင်းကို Leo နားလည်သွားတယ်၊ ထွက်သွားအချိန်ကိုမေးပြီး တွက်ကြည့်လိုက်တော့ လေယာဉ်ပေါ်တက်မဲ့အချိန် ရောက်နေပြီမို့၊ ဖုန်းမဆက်တော့ဘဲ မက်ဆေ့ပဲ ပို့လိုက်တယ်။

//လေယာဉ်ဆင်းရင်ပြောနော်၊ Safe Flight//

ဒီစာမြင်တော့ ဂိတ်မှာစောင့်နေတဲ့ ရှောင်းကျန့်က ဖုန်းကိုလက်ထဲကိုင်ထားရင်း မျက်ရည်တစ်ခါ ထပ်ကျတယ်။

သူထွက်သွားတဲ့အကြောင်း သိသွားပေမဲ့ Leo က ကမူးရှုးထိုးမလုပ်ဘဲ သေချာစဉ်းစားပြီးမှ ဒီစာကို ပို့လိုက်မှန်း ရှောင်းကျန့်သိတယ်။

Leo က အမြဲဒီလိုပဲ၊ ဖြစ်သင့်၊ မဖြစ်သင့်ကိုပဲ အရင်ဆုံး တွေးတယ်၊ ခံစားချက်ကို ရှေ့တန်းတင်တာမျိုး ဘယ်တော့မှ မလုပ်ဘူး၊ အစကနေအဆုံး ရှောင်းကျန့်တစ်ယောက်တည်းကပဲ အရူးလို တစ်ဖက်သတ်ချစ်ပြီး ရိုမန့်တစ်ဆန်တဲ့အချစ်ကို နေ့နေ့ညည စိတ်ကူးယဉ်နေမိတာ။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now