7

13.7K 1.3K 167
                                    

အပိုင်း ၇။ ခိုးစားရတဲ့အသီး

ဒီမေးခွန်းအတွက် ရလာတဲ့တုံ့ပြန်မှုက စိတ်ဝင်စားစရာပဲ၊ မနှစ်မြို့ဘူးဆိုတဲ့ အရိပ်အငွေ့တွေကို ရှောင်းကျန့် ဖောဖောသီသီ ခံစားမိလိုက်တယ်။

ထန်ဟွေ့ယင်နဲ့ ပတ်သက်ပြီး Leo ရဲ့သည်းခံနိုင်စွမ်းကို စမ်းကြည့်ပြီးတဲ့အချိန်မှာတော့ ရှောင်းကျန့်က ခပ်ပြုံးပြုံးနဲ့ ဒီခေါင်းစဉ်ကနေ အသာလေး ပြန်လျှောချပစ်လိုက်တယ်။

"Art က သူ့မာမီကို တအားချစ်တာ.. ခင်ဗျားကိုလဲ ချစ်တာပါပဲ.. သူကခင်ဗျားအကြောင်း ပိုပြောပြပါတယ်"

တကယ်တော့ ရှောင်းကျန့်ပြောသလို မဟုတ်ဘူး၊ ဝမ်ကျိုးနဲ့တွေ့တိုင်း ရှောင်းကျန့် ကိုယ်တိုင်က Leo အကြောင်းတွေပဲ မေးတာမို့ပါ၊ ဝမ်ကျိုးကတော့ သူသိသမျှ သူ့ဒယ်ဒီအကြောင်း ပြောပြပါတယ်၊ ဒါပေမဲ့ အဖေ့အကြောင်းချည်းပဲ တစ်ချိန်လုံး ပြောနေရလောက်အောင်တော့ ဝမ်ကျိုးကလဲ တုံးအ,မနေပါဘူး။

သားဖြစ်သူလဲ ရှိမနေတော့တာမို့ Leo က ဆိုဖာမှာ ဝင်ထိုင်တယ်၊ လက်နှစ်ဖက်ကို သက်တောင့်သက်သာ ပုံစံနဲ့ ဆိုဖာလက်ရမ်းပေါ် တင်ထားတယ်၊ စကားဆက်မပြောခင်မှာ လည်ပင်းဂုတ်ကြောကို တစ်ချက်ချိုးလိုက်ပြီး။

"Art ကိုလာပြီး ချဉ်းကပ်ရတဲ့ အကြောင်းအရင်းကို ကိုယ်မသိဘူး.. ဒါပေမဲ့ အကြောင်းအရင်းက ကိုယ်နဲ့ ပတ်သက်နေမယ်ဆိုရင်တော့.. မင်းရည်ရွယ်ချက်က အောင်မြင်မှာမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ကိုယ့်သားကို အထိခိုက်မခံနိုင်လို့ပဲ.. ဒီကိစ္စကြောင့်လာတာဆိုရင် မင်းဘက်က လက်ဗလာနဲ့ ပြန်သွားရလိမ့်မယ်ထင်တယ်"

သြဇာအာဏာကြီးတဲ့ ၄၆နှစ်အရွယ် ဝါရင့်မင်းသားကြီး ဖြစ်တဲ့အလျောက် လူငယ်တွေရဲ့ခေါင်းထဲမှာ ဘာတွေ ရှိနေလဲဆိုတာကို Leo က ရှင်းရှင်းလင်းလင်း မြင်နေရတယ်၊ သူ့သားအရှေ့မှာမို့ တမင်ထုတ်မပြောတာ၊ ရှောင်းကျန့်ရဲ့အာရုံက Art ဆီမှာ ရှိမနေတာကို သူကောင်းကောင်း သိပြီးသား။

Leo က Patek Philippe ကို တတိယအကြိမ် ငဲ့ကြည့်လိုက်တယ်။

"အိုကေ.. အခုမင်းပြန်ဖို့သင့်ပြီ.. မင်းရဲ့သရုပ်ဆောင်စကေးက မဆိုးပါဘူး.. ဒီလိုမျိုး ဖြတ်လမ်းကနေ အပေါ်တက်ဖို့ မလုပ်ဘဲ.. ကိုယ်ပိုင်အရည်အချင်းကိုပဲ ပိုပြီးတိုးတက်လာအောင် ကြိုးစားနေသင့်တယ်.. ဒီလိုဆိုရင် နောက်တစ်ခါ ဇကာတင်စာရင်းမှာလဲ မင်းထပ်ပြီးပါလာဦးမှာပါ"

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now