33

10.2K 1.1K 35
                                    

အပိုင်း ၃၃။ မင်းသဘောကျ

ရှောင်းကျန့်ရဲ့အလုပ်တွေကို နောက်တစ်ပတ်ရွေ့ပေးဖို့အတွက် Leo ကိုယ်တိုင် ကီကီ့ဆီ ဖုန်းဆက်ပြောတယ်၊ နောက်တစ်နေ့ မနက်စောစောမှာပဲ ရှောင်းကျန့်ကို အပြင်ခေါ်ထုတ်လာတယ်။

နှစ်ယောက်သား ဟောင်ကောင်ကို လေယာဉ်နဲ့ပြန်လာတယ်၊ ရှောင်းကျန့်ကတော့ Leo သူ့ကို မိသားစုတွေနဲ့ တွေ့ပေးဖို့ ခေါ်လာတယ်ထင်ပြီး စိတ်လှုပ်ရှားနေတာ၊ လူကြီးတွေ အရှေ့ရောက်ရင် မယဉ်ကျေးတဲ့ အမူအယာတွေ လုပ်မိမှာစိုးလို့ ဝတ်ထားတဲ့အင်္ကျီကို စိတ်မလုံသလို တစ်ချိန်လုံး ဆွဲချနေမိတယ်။

ဒါပေမဲ့ လေယာဉ်ပေါ်က ဆင်းတာနဲ့ Leo က ရှောင်းကျန့်ကို ကြိုခေါ်ထားတဲ့ ကားပေါ်တင်ပြီး နယ်ဘက်ကို တစ်ခါတည်း မောင်းချသွားတယ်။

ကျေးလက်နယ်ဘက်ဆိုပေမဲ့ ရှောင်းကျန့်ထင်ထားသလို တောရွာလေးတွေမဟုတ်ဘူး၊ ရွာလို့ခေါ်ဖို့ထက် သဘာ၀ တောတောင်ထဲမှာမှ သေချာပြုပြင်စိုက်ပျိုးထားတဲ့ ဥယျဉ်ခြံတွေနဲ့မို့ တန်ဖိုးမြင့်အိမ်တော်တစ်ခုလိုပဲ။

Leo က ကားကို ဂိတ်ပေါက်အဝင်ဝမှာ ရပ်လိုက်ပြီး ရှောင်းကျန့်ကို မိတ်ဆက်ပေးတယ်။

"ဒီနေရာက ဘိုးဘပိုင်လေ.. ဒီကနေရပ်ကြည့်လို့ မင်းမျက်လုံးထဲ မြင်နေရသမျှကို အိမ်ဆိုပြီး သတ်မှတ်လို့ ရတယ်.. ဟိုးက တောင်တန်းတွေနဲ့ စမ်းချောင်းတွေအထိ ပါတယ်"

ဒီနေရာက တကယ်ခမ်းနားလွန်းတယ်၊ အဝေးက စိမ်းညို့ညို့ တောင်တန်းတွေက တိမ်တိုက်တွေကြားကို ထိုးဝင်နေတာမို့ ထိပ်ပိုင်းတွေကို မမြင်ရဘူး၊ ပတ်ဝန်းကျင်မှာတော့ ကြည်လင်သန့်စင်နေတဲ့ စမ်းချောင်းလေး ကွေ့ပတ်စီးဆင်းနေတယ်။

ရှောင်းကျန့် အရှေ့မှာရှိနေတာက ဧကမနည်းကျယ်တဲ့ စပျစ်ခြံတွေ၊ ဒါပေမဲ့ သူ့ရာသီ မဟုတ်သေးတော့၊ အသီးမရှိဘူး၊ လတ်ဆတ်စိမ်းစိုနေတဲ့ စပျစ်နွယ်ပင်တွေက သစ်သားစင်တွေပေါ်ကို အပြိုင်အဆိုင် ခွေတက်နေကြတယ်။

မနီးမဝေးမှာ စားကျက်မြေတွေလဲ ရှိသေးတယ်၊ အထဲမှာလွှတ်ထားတဲ့ သိုးနဲ့နွားတွေကို ထိန်းကျောင်းနေတဲ့ အလုပ်သမားတချို့ကိုတောင် တွေ့နေရတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now