40

12.2K 1.1K 58
                                    

အပိုင်း ၄၀။ နွေဦးရေစင်

အိမ်ပြန်တဲ့လမ်း တစ်ဝက်လောက်အရောက်မှာတော့ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်းကျန့်က Leo, ကို ကျောပိုးပြီး ခေါ်ခိုင်းတယ်။

သူ့ကလေးလေးကိုတော့ ဘာပြောနိုင်မှာလဲ၊ Leo က အရှေ့မှာ ထိုင်ချပေးလိုက်ပြီး ရှောင်းကျန့် ကျောပေါ် တက်လာဖို့စောင့်နေရင်း စနောက်တယ်။

"အသက်ပဲ၂၂ ဖြစ်နေပြီ.. ပါးကို အခုထိ ကျောပိုးခိုင်းချင်တုန်းလား.. ဒါရိုက်တာ အန်ကယ်နဲ့ ဇာတ်ညွှန်းအန်တီတွေ တွေ့ရင် မင်းကိုရယ်ကြမှာ မကြောက်ဘူးလား"

ရှောင်းကျန့်က Leo ကျောပေါ်မှီချကာ ဂုတ်ပိုးကို မျက်နှာနဲ့ပွတ်နေရင်း ချွဲတယ်။

"သူတို့ မသိစေနဲ့နော်...ပါး"

Leo က သူ့ကိုယ်သူ ပါးလို့သုံးတာက ရှောင်းကျန့်ကို နောက်ချင်တာ သပ်သပ်ပဲ၊ တကယ် အဖေခေါ်ခံချင်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ ရှောင်းကျန့်ဆီက ပါးလို့ ဆွဲဆွဲငင်ငင် ခေါ်သံထွက်လာတဲ့အခါမှာတော့ သူ့တစ်ကိုယ်လုံးက သွေးတွေဆူပွက်လာပြီး ထူးဆန်းတဲ့ ခံစားချက်တွေ ဝင်ကုန်တယ်။

"အဲလိုမခေါ်နဲ့.. ခါတိုင်းလို Leo ပဲခေါ် "

"ဘာလို့လဲ ပါးကလဲ"

တားမြစ်ရင် ရှောင်းကျန့်က ပိုလုပ်တယ်၊ Leo, လည်ပင်းကို အနောက်ကနေ လက်နဲ့ဆွဲဖက်ထားရင်း နားရွက်နားကပ်ကာ လေသံသဲ့သဲ့နဲ့ ဆက်ပြောတယ်။

"ပါးက ကျွန်တော့်အဖေမို့ ပါးလို့ ခေါ်တာလေ.. Leo ပါပါးက little Sean ပေါင်ပေ့ကို အချစ်ဆုံး မဟုတ်ဘူးလား"

"ကျစ်.. ဒီကလေး"

Leo မျက်နှာအမူအယာပြောင်းသွားပြီး နားရွက်ဖျားတွေပါ နီတက်လာတယ်၊ ကျစ်ခနဲ့ စုတ်သတ်ရင်း ရှောင်းကျန့်ကို သတိပေးသလို ပြောလာတယ်။

"ထပ်ခေါ်ရင် မင်းကို အပြစ်ပေးမှာနော်"

ဒီလိုပြောတော့ ရှောင်းကျန့် ပိုတောင်အူးမြူသွားတယ်။

"ရေး.. အပြစ်ပေးပါ.. Leo ပါပါးရဲ့ D*တုတ်တုတ်ကြီးနဲ့ ကျွန်တော့်ကို သေအောင် x ပြီး အပြစ်ပေးပါ.. Little Sean က ဒယ်ဒီ့ရဲ့ စိန်တုံးအဆင့် D* ကြီးကို အကြိုက်ဆုံးပဲ.. ဝူး..ဟူး.."

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now