5

12.9K 1.2K 35
                                    

အပိုင်း ၅။ တွေ့ဆုံခြင်း

"မင်းဒယ်ဒီက ဘာပြောလဲ"

မျှော်လင့်ချက် တသီကြီးနဲ့ ရှောင်းကျန့် မေးခွန်းထုတ်မိတယ်။

"သူလား.. ဘာမှမပြောဘူး"

ဝမ်ကျိုးကတော့ အမှန်တိုင်းပဲ ပြန်ဖြေတာပေါ့။

"ဒါပေမဲ့ ကိုယ်တို့ သွားတွေ့မယ်လေ.. မင်းကို ဒယ်ဒီနဲ့ တရားဝင် မိတ်ဆက်ပေးမယ်"

"သူက ဒီနားမှာ ရှိနေတာလား?"

"အင်း.. အပေါ်ဆုံးထပ်က VIP suite မှာ.. သူတစ်ယောက်တည်းပဲ"

ရှောင်းကျန့် နှလုံးခုန်သံတွေ မြန်လာတယ်၊ တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့ သွေးတွေတောင် ပွက်ပွက်ဆူပြီး အငွေ့တထောင်းထောင်း ဖြစ်လာသလိုပဲ။

ဖြစ်နိုင်ပါ့မလား၊ Leo နဲ့ တွေ့ခွင့်ရတော့မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ခါတိုင်းလို ရှောင်းကျန့်ရဲ့ များစွာသော အိပ်မက်တွေထဲကတစ်ခုများ ဖြစ်နေမလား။

စိတ်ထဲမှာ အဏုမြူဗုံး ပေါက်သွားသလို ပွစကျဲနေပေမဲ့၊ မျက်နှာအမူအယာကတော့ တည်ငြိမ်နေတုန်းပဲ၊ သာမန်ကိစ္စတစ်ခု ဆွေးနွေးနေတဲ့အတိုင်း ရှောင်းကျန့်က ထပ်ပြောတယ်။

"မင်းအဖေ အလုပ်များနေတာကို အနှောင့်အယှက် သွားပေးသလိုများ ဖြစ်နေမလား"

ဝမ်ကျိုးက ပြုံးတုံ့တုံ့နဲ့ ခေါင်းခါပြတယ်။

"အရင်ဟိုတယ်မှာတုန်းက ဧည့်သည်တွေ အများကြီးလာကြလို့ စိတ်ရှုပ်တယ်ဆိုပြီး  ဒယ်ဒီက တိတ်တိတ်လေး နေရာပြောင်းလာတာ.. သူဒီမှာရှိနေတာကို ဘယ်သူမှမသိဘူး"

ဝမ်ကျိုးရဲ့နိုးဆော်မှုနဲ့ ရှောင်းကျန့် ရေမြန်မြန် ချိုးလိုက်တယ်၊ ပြီးတော့ တွေ့တဲ့ဆွယ်တာအင်္ကျီနဲ့ မိုးပြာဖျော့ဖျော့ ဂျင်းအပြဲတစ်ထည် ကောက်စွပ်လိုက်တယ်၊။

ရှောင်းကျန့်က အခုမှ အသက် ၂၀လေ၊ သူ့မျက်နှာလေးက တအားချောပြီး နုဖတ်နေတာ၊ ဘာဝတ်ဝတ် ကိစ္စမရှိဘူး၊ ဒီမျက်နှာလှလှလေးကနေ ဘယ်သူမှ အာရုံလွှဲနိုင်မှာ မဟုတ်ဘူး။

"အဆင်ပြေရဲ့လား"

ရှောင်းကျန့်က ဝမ်ကျိုးအရှေ့မှာ တစ်ပတ်လှည့်ပြပြီး မေးတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now