13

11.3K 1.2K 45
                                    

အပိုင်း ၁၃။ ကိုယ့်အတွက်ကိုယ် ရပ်တည်တယ်

လူတွေက တဖြည်းဖြည်း ပိုများလာတယ်၊ နားပင်းနေတဲ့လူတွေလို တားမြစ်နေသံကိုလဲ မကြားကြတော့ဘူး၊ နေရာကနေ တစ်လက်မလေးမှ မရွေ့ပေးဘဲ ချွေးသံတရွှဲရွှဲနဲ့ ရှောင်းကျန့်နားကို ရနိုင်သမျှ တိုးကပ်လာကြတာ။

ဘယ်ကလာမှန်းမသိတဲ့ လက်တစ်ဖက် သူ့ခါးပေါ်ရောက်လာချိန်မှာတော့ ရှောင်းကျန့်ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းသွားတယ်၊ ရှောင်းကျန့် ဒေါသတကြီးနဲ့ ခါးပေါ်ကလက်ကို ဖမ်းကိုင်ပြီး အနောက်လှန်ကို ချိုးပစ်လိုက်တယ်။

"ဒီလက်က ဘယ်ကိုလာကိုင်နေတာလဲ! !.. ဘယ်ကိုလာကိုင်နေတာလဲ! !"

တစ်ဖက်လူက အသက် ၃၀ ကျော်လောက်ရှိတဲ့ နဖူးပြောင်ပြောင်နဲ့လူပါ၊ အပေါ်စားရှပ်အင်္ကျီနဲ့ ညှပ်ဖိနပ်ကို စီးထားတယ်၊ အဆီတဝင်းဝင်းမျက်နှာက ခဲနေတဲ့ဝက်ဆီတုံးကြီးလိုပဲ၊ သူက ရုန်းရင်းဆန်ခတ်နဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူဖို့ လုပ်တာ၊ ဒါပေမဲ့ လူပုံအလယ်မှာ ရှောင်းကျန့်ဆီကနေ ပေါ်တင်ဖမ်းတာကို ခံလိုက်ရတယ်။

အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင်က တိတ်ကျသွားပြီး၊ ကင်မရာမီးတွေလဲ ငြိမ်သွားတယ်၊ အားလုံးက ရှောင်းကျန့်ရဲ့ အရှိန်အဝါအောက်မှာ မှင်တက်ကုန်ကြတာ၊ အများစုက ဖုန်းတွေကို ဖယ်ထားလိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ နေရာဖယ်ပေးလိုက်တယ်။

ရှောင်းကျန့်က စူးစူးရဲရဲ ကြည့်နေတယ်၊ ဝက်အသည်းလို မျက်နှာကြီး နီရဲနေတဲ့ နှာဘူးကောင်ကြီးက ဝန်မခံဘဲ ပြန်အော်တယ်။

"ဘယ်သူက ကိုင်လို့လဲ..အနောက်က တွန်းလိုက်လို့ ဖြစ်တာ"

"တကယ်မလုပ်ဘူးပေါ့.. ကင်မရာတွေကနေ ရိုက်မိထားတာကို ပြန်ကြည့်ချင်သေးတာလား"

ရှောင်းကျန့်က လက်ကိုလွှတ်ချလိုက်တယ်၊ mask မဖုံးနိုင်တဲ့ သူ့မျက်လုံးတွေကနေ ဒေါသထွက်နေတဲ့ Cheetah တစ်ကောင်လို အေးစက်တဲ့ အငွေ့အသက်တွေ ဖြာထွက်နေတယ်။

"အိန်ဂျယ်.. ရဲခေါ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ တရားစွဲလိုက်"

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now