21

10.8K 1.1K 76
                                    

အပိုင်း ၂၁။ Lick

ညစာအတွက် Leo က အားလုံးစီစဉ်ထားပြီးသား၊ အကောင်းဆုံး စားသောက်ဆိုင်ကနေ ဟင်းပွဲတွေကို ဟိုတယ်ထိအရောက် မှာထားပေးတယ်၊ အများစုက ရှောင်းကျန့် အကြိုက်တွေချည်းပဲ၊ ရှောင်းကျန့်က ဇာတ်ညွှန်းဖတ်နေရင်း ထမင်းကို ဇွန်းနဲ့စားတယ်၊ တစ်ခါတလေ ဇာတ်ညွှန်းထဲ နစ်ဝင်သွားတာကြောင့် Leo သူ့အတွက် ဟင်းတွေရွေးပြီး ပန်းကန်ထဲ ထည့်ပေးနေတာကိုတောင် မမြင်လိုက်ဘူး။

မနက်ဖြန် ရိုက်ရမဲ့တစ်ခန်းစာ ဖတ်ပြီးသွားချိန်မှာတော့ ရှောင်းကျန့် ကျေနပ်သွားပြီး စာအုပ်ကို ပိတ်လိုက်တယ်။

"ဒီဇာတ်လမ်းက ရေးထားတာ တော်တော်ကောင်းတယ်.. ကျွန်တော်တကယ်သဘောကျတယ်"

ရှောင်းကျန့် ဆက်စားမလို့ ကြည့်လိုက်တော့ ဇွန်းပေါ်ရောက်နေတဲ့ အရိုးနွှင်ထားပြီးသား ငါးဟင်းကြောင့် Leo, ဘက်ကို မျက်လုံးလေး ဝင့်ကြည့်လိုက်မိတယ်၊ Leo က သိပေမဲ့ ဘာမှမပြောဘူး၊ တခြားကိစ္စတစ်ခုကို စ,ပြောလာတယ်။

"သည်းထိတ်ရင်ဖိုဇာတ်လမ်း ရိုက်ရတာ ဘယ်လိုနေလဲ"

"တအားမိုက်တယ်"

ရှောင်းကျန့်က Leo အသင့်ထည့်ပေးထားတဲ့ဟင်းကို ပါးစပ်ထဲမှာ ဖြည်းဖြည်းချင်းဝါးနေရင်း ပြန်ဖြေတယ်။

"သင်ရမှာတွေ အများကြီးရှိသေးလို့.. ခင်ဗျား ငယ်ငယ်တုန်းကလောက် မလုပ်နိုင်သေးဘူးပေါ့ ဒါပေမဲ့ ကျွန်တော်က သရုပ်ဆောင်ရတာ ကြိုက်တယ်.. အထူးသဖြင့် ဒီလို သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုး"

Leo က နောက်တစ်ခု ထပ်မေးတယ်။

"ရိုက်ကူးရေး အဖွဲ့ကရော ကောင်းကောင်း ဆက်ဆံရဲ့လား.. တစ်ခုခု ပြောကြသေးလား"

ရှောင်းကျန့် စဉ်းစားသလိုလုပ်ရင်း ကိုင်ထားတဲ့တူကို ပြန်ချလိုက်တယ်၊ ပြီးတာနဲ့ သူ့ရဲ့ညိုနေပြီဖြစ်တဲ့ လက်ကောက်ဝတ်ကို ပြရင်း သနားစဖွယ်ဖြစ်အောင် တမင်လုပ် ပြောတယ်။

"ချောင်ကျိရှစ်ပေါ့.. ကျွန်တော့်ကို အနိုင်ကျင့်တာ.. ဘယ်လောက်တောင်နာလဲ သိလား"

ရှောင်းကျန့်ပုံစံက မူကြိုကကိစ္စကို မိဘတွေအရှေ့မှာ ပြန်တိုင်နေတဲ့ သုံးနှစ်သားနဲ့ ဘာမှမကွာဘူး၊ Leo က အလိုက်တသိနဲ့ ရှောင်းကျန့် လက်ကောက်ဝတ်လေးကို ဆွဲယူလိုက်ပြီး တဖူးဖူး မှုတ်ပေးလိုက်တယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now