50

10.4K 1.1K 79
                                    

အပိုင်း ၅၀။ လွမ်းတယ်

ဝမ်အိမ်က စကားဝိုင်းက ရှောင်းကျန့် အလန့်တကြားဖြစ်ပြီး ထပြန်လာတာနဲ့ အဆုံးသတ်သွားတယ်။

ဘာလို့ ဝမ်အိမ်ကလူကြီးတွေ အကောင်းကြီးကနေ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ၊ ဘာလို့ ရှောင်းကျန့်ကို Leo, အနားကနေ ထွက်သွားခိုင်းနေတာလဲ၊ မလင်ဒါ တစ်ခုခု ပြောထားတာကြောင့် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ရှောင်းကျန့်က Leo, နားက ထွက်သွားဖို့ တစ်ခါမှ မတွေးဖူးဘူး၊ အရင်ကလဲ မတွေးသလို၊ နောက်လဲတွေးမှာ မဟုတ်ဘူး။

ကြော်ငြာရိုက်ဖို့သွားနေတာမို့ ရှောင်းကျန့်စီးလာတဲ့ကားက မြို့ထဲကိုသွားတဲ့ အဓိကလမ်းမကြီးကနေ မောင်းနေတယ်၊ လမ်းပေါ်မှာ တွေ့နေရတဲ့ LED ပိုစတာကြီးတွေကို မြင်တော့ ရှောင်းကျန့် ဝမ်းနည်းလာပြီး Leo, ကို နှစ်သိမ့်ပေးဖို့တောင် စကားလုံးရှာမရ ဖြစ်နေတယ်။

တစ်ချိန်တုန်းကတော့ Leo ဆိုတဲ့ အမျိုးသားမှာ ကြီးကျယ်ခမ်းနားတဲ့ မိသားစုနောက်ခံရှိနေမှာပဲ ဆိုပြီး ထင်ခဲ့ဖူးတယ်၊ တကယ့် အမှန်တရားကတော့ အသွေးထဲအသားထဲထိ စိုက်ဝင်နေတဲ့ အပ်တွေလိုပဲ တစ်ဆစ်ဆစ်နဲ့ ခံရခက်လွန်းတယ်၊ ဝမ်အိမ်ကလူကြီးနှစ်ယောက် ပြောလိုက်တဲ့စကားတွေက ရှောင်းကျန့် နှလုံးသားကို နာကျင်စေတယ်၊ ဘယ်လိုပဲတွေးတွေး ဒီမျိုးက မဖြစ်သင့်ဘူးလို့ ရှောင်းကျန့်ယူဆတယ်။

Leo က ဒီထက်မက ထိုက်တန်တဲ့လူပါ။

"ကော..ဘာပြသနာရှိလို့လဲ"

ရှောင်းကျန့် မျက်နှာမကောင်းတော့ အိန်ဂျယ်က စိတ်ပူသလို မေးလာတယ်၊ ရှောင်းကျန့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်တယ်၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေပေမဲ့ ဒီအကြောင်းကိုတော့ အိန်ဂျယ့်ဆီ ဘယ်လိုလုပ်ပြီး ပြန်ဝေမျှလို့ ဖြစ်ပါ့မလဲ။

ရှောင်းကျန့် ဘာမှပြန်မဖြေဘဲ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခက်ခက်ခဲခဲနဲ့ ဖုန်းကို ထုတ်ယူလိုက်တယ်၊ ပြီးတော့ Leo, ဆီ ဗီဒီယိုကော ခေါ်တယ်။

ဖုန်းကိုင်လိုက်တော့ တစ်ဖက်က မြေတူးသံ၊ စက်သံတွေကို အရင်ကြားလိုက်ရတယ်၊ ဒါတင်ပဲ မဟုတ်ဘူး ဂစ်တာတီးရင်း သီချင်းအော်ဆိုနေတဲ့လူတွေနဲ့ အငြင်းအခုန် ဖြစ်နေကြတဲ့ လူတွေလဲ ရှိသေးတယ်၊ ဒီလို ဆူညံရှုပ်ထွေးနေတဲ့ကြားမှာ Leo က အရိပ်ရတဲ့ သစ်ပင်ကြီးအောက်ကို လျှောက်သွားလိုက်ပြီး ရှောင်းကျန့်ကို လေပြေလေးနဲ့ မေးလာတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now