56

9.1K 977 61
                                    

အပိုင်း ၅၆။ ဇာတ်သိမ်းပိုင်းမှာ ညားမလား

Leo ရူးသွားပြီလား? ဘာတွေပြောမလို့လဲ? ဘာဖြစ်လို့ အနာဟောင်းတွေ ပြန်ဆွနေတာလဲ?

ရှောင်းကျန့် တုန်တုန်ယင်ယင်နဲ့ အော်တယ်။

"Leo__"

ရှောင်းကျန့် တားဖို့လုပ်တယ်၊ ဒါပေမဲ့ Leo က သူ့လက်ခုံကို ဖွဖွပုတ်လိုက်ပြီး အပြုံးယဲ့ယဲ့နဲ့ ရှေ့ဆက်ပြောတယ်။

"ကျွန်တော့် Profile မှာရေးထားတဲ့ အသက်က အမှန်မဟုတ်ဘူး..တကယ်တမ်း ကျွန်တော့်အသက်က ၅၀ နားနီးဖို့ မပြောနဲ့ ၄၀ တောင် မပြည့်သေးတာမို့ လူတွေပြောနေသလောက်ကြီးတော့ မအိုသေးပါဘူး.. ကျွန်တော့် အထက်မှာ အစ်ကိုတစ်ယောက် ရှိခဲ့တယ်.. သူက ဝမ်မိသားစုရဲ့ အမွေဆက်ခံသူအစစ်ပေါ့.. ဒါပေမဲ့ နေမကောင်းဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတယ်"

"ကျွန်တော်ကတော့ သူ့နေရာကို အစားထိုးခံလိုက်ရတဲ့သူပါ.. သူ့ရဲ့identity ကို လက်ခံခဲ့ရတယ်.. သူဆည်းပူးရမဲ့ စီးပွားရေးပညာ သင်ယူခဲ့ရပြီး အလွှာပေါင်းစုံကလူတွေနဲ့ ဆက်ဆံခဲ့ရတယ်.. သူ့အတွက်ချထားတဲ့ ဘဝဇာတ်ညွှန်းအတိုင်း လျှောက်ခဲ့ရတယ်.."

"ငယ်ငယ်တုန်းကတော့ မွေးပေးထားတဲ့မိဘတွေက ဘယ်လို ပုံစံတွေများ ဖြစ်မလဲဆိုပြီး ညတိုင်း စိတ်ကူး ကြည့်ဖူးတယ် ဒါပေမဲ့ ထင်သလို မဟုတ်ခဲ့ဘူး.. တစ်နေ့မှာတော့ သူတို့က ၁၀နှစ်လောက် စွန့်ပစ်ထားတဲ့ ကျွန်တော့်ကို ပြန်ခေါ်လာပြီး တခြားလူတစ်ယောက်လို ဆက်ပြီးပျိုးထောင်ဖို့ အတင်းအကြပ် လုပ်ကြတယ်.. ကျွန်တော်မဟုတ်တဲ့ လူတစ်ယောက် ဖြစ်လာအောင် အဖက်ဖက်ကနေ ဖိအားပေးခဲ့တယ်.."

"ဟောင်ကောင်ရဲ့အမြင့်ဆုံး နာရီစင်ပေါ်ကနေ ခုန်ချပြီး မိဘတွေကို လက်တုံ့ပြန်ဖို့ အကြိမ်ပေါင်းမနည်း တွေးခဲ့ဖူးတယ်.. တကယ်တမ်း ထိပ်ဆုံးထိ တက်သွားခဲ့ပေမဲ့ သူရဲဘောကြောင်လာတယ်.. သေရမှာကြောက်လာတယ်.. ဘာမှလဲ ဖြစ်ဖြစ်မြောက်မြောက် မလုပ်လိုက်ရဘဲ ကိုယ့်ဘဝကြီး အဆုံးသတ်သွားမှာ ကြောက်လာပြီး ခုန်မချရဲခဲ့ဘူး"

"ဟောင်ကောင်ကို ပြန်လာခါစတုန်းက ကျွန်တော့်မိဘတွေက သူတို့သား Lange အသက်ရှင်နေသေးတယ် ဆိုတဲ့ ထင်ယောင်ထင်မှား ပတ်ဝန်းကျင်ကို ဖန်တီးချင်တယ်.. ဒါကြောင့် ကျွန်တော့်ကို ဘယ်သူနဲ့မှ ပေးမတွေ့ဘဲ အခန်းထဲမှာ ပိတ်ထားတယ်.. တစ်နှစ်ကြာတော့မှ Victoria ဆိပ်ကမ်းကနေ နောက်ထပ် အိမ်တော်တစ်ခုမှာ ပြောင်းနေတယ်.. အိမ်ထောင်စုစာရင်းက Lange နေရာမှာ ကျွန်တော့်ကို ထည့်တယ်.. ဖုန်းရွှေမကောင်းလို့ Lange ကနေ Leo ဆိုပြီး နာမည်ပြောင်းထားသလို လုပ်ခဲ့တယ်"

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now