57

8.9K 962 5
                                    

Extra:1

ဘဝမှာ အကြီးမြတ်ဆုံး ကောင်းချီးပေးခံရတဲ့အချိန်က ကိုယ့်ရဲ့အသည်းတစ်ခြမ်းကို မိသားစုဝင်အဖြစ် တရားဝင် သတ်မှတ်ခွင့်ရှိသွားတဲ့အချိန်ပဲ။

အသက် ၂၀ ကျော်ပဲ ရှိသေးတာမှန်ပေမဲ့ သူ့ဘဝက ပြည့်စုံနေပြီလို့ ရှောင်းကျန့်ကတွေးတယ်၊ Leo က သူ့ကို စိတ်ရင်းအမှန်နဲ့ချစ်ပြီး အရာရာမှာ ဦးစားပေးတယ်၊ ဘဝရဲ့အရေးကြီးဆုံးဖြစ်တဲ့ မင်္ဂလာကိစ္စကလဲ နှစ်ဖက်မိဘဆီကနေ ခွင့်ပြုချက်ရပြီးပြီမို့ တိုးတက်မှုက အံ့မခန်းလောက်အောင်ပဲ။

ရှောင်းကျန့်မိဘတွေ အိမ်လိုက်လာပြီး ပထမတစ်ပတ်မှာပဲ Leo က ချုံချင်းက ရှောင်းကျန့်အိမ်ကို တစ်ယောက်တည်း သွားတွေ့တယ်၊ လူကြီးတွေ သူ့ကိုတွေ့ဖို့ မိုင်ပေါင်းများစွာ အပင်ပန်းခံပြီး လာခဲ့ရတာကို ပြန်သိတတ်တဲ့ သဘောပဲ၊ ရှောင်းကျန့်ရဲ့လက်တွဲဖော်နေရာက လူတစ်ယောက်အနေနဲ့ အရင်သွားတွေ့တာက ကျင့်ဝတ်နဲ့ညီပြီး ပိုသင့်တော်တယ်လို့ Leo က တွေးတယ်။

အစကတော့ နှစ်ယောက်အတူတူ ပြန်ကြဖို့ ပြောထားတာပဲ၊ ဒါပေမဲ့ ရိုက်ကူးရေးကိစ္စတစ်ခု ပေါ်လာတာကြောင့် ရှောင်းကျန့်က လိုက်လို့မရခဲ့ဘူး။

အဲဒီရိုက်ကူးရေးက ဖျက်လို့မရလောက်အောင် တအားအရေးကြီးတယ်၊ ကမ္ဘာပေါ်မှာ အစောင်ရေအများဆုံး ထုတ်ဝေခွင့်ရနေတဲ့ နာမည်အကြီးဆုံး မဂ္ဂဇင်း ၅ ခု ထဲက တစ်ခုအတွက် အင်တာဗျူးဖြစ်နေတယ်၊ သူ့ဆီမှာ ပါဝင်ခွင့်ရဖို့က တော်ရုံမလွယ်ဘူး။

ကီကီက ရှောင်းကျန့်အတွက် အကောင်းဆုံး အရင်းအမြစ်တွေပဲ ရှာပေးတာပါ၊ အပြိုင်အဆိုင်များတဲ့ ဒီမဂ္ဂဇင်းအတွက်လဲ သူကိုယ်တိုင်ပဲ ကြိုးစားပေးထားတာ၊ ဒါပေမဲ့ ပထမတစ်ခါ ညှိနှိုင်းပြီးသွားတာတောင် ရက်ချိန်းက တော်ရုံမရခဲ့ဘူး၊ တစ်ပတ်လောက်နေတော့မှ ဒီလအတွက်ကိုတော့ တခြားနာမည်ကြီး ရုပ်ရှင်အကျော်အမော် စီနီယာကြီးကို ဖိတ်ထားလို့ ရှောင်းကျန့်ကို နောက်ဆုတ်လိုက်ကြောင်း မဂ္ဂဇင်းဘက်က အကြောင်းကြားတယ်။

ကီကီက ရှောင်းကျန့်ကို နှစ်သိမ့်ပြီး ခဏစောင့်နေဖို့ ပြောလာတယ်၊ ဒါပေမဲ့ ကီကီတစ်ယောက် မျက်နှာမှာ mask လေးကပ်ပြီး အနားယူနေတဲ့ ညဘက်ကြီးကျတော့မှ အယ်ဒီတာက သူ့ဆီတိုက်ရိုက်ဖုန်းဆက်ပြီး တောင်းပန်စကား ပြောရင်း၊ ရုပ်ရှင်အကျော်အမော်က ရုတ်တရက် နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အတွက် ရှောင်းကျန့်ရဲ့ အင်တာဗျူးကို အချိန်ရှေ့တိုးပေးလိုက်ရင် အဆင်ပြေမလားဆိုပြီး မေးလာတယ်။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now