27

9.2K 1.1K 56
                                    

အပိုင်း ၂၇။ ယုံကြည်ခြင်း

Leo ဟောင်ကောင်ပြန်သွားကတည်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး အေးတိအေးစက် ဖြစ်လာတယ်။

ရှောင်းကျန့်က အလုပ်အားရင်တော့ Leo, ဆီဖုန်းဆက်တယ်၊ ဒါပေမဲ့ တစ်ဖက်လူက ဖုန်းဖွင့်ပြီး နားထောင်တာ ရှားတယ်၊ အကယ်၍ ဖုန်းကိုင်လိုက်ရင်တောင် ရှောင်းကျန့်ပြောတာကို နားထောင်ပြီး သက်ပြင်းချသံတချို့ ပြန်ပေးတာကလွဲပြီး တခြားပြောတာမရှိဘူး။

Leo ပင်ပန်းနေတာကို ရှောင်းကျန့်ခံစားလို့ရတယ်၊ Leo, ဆီမှာ အရင်တုန်းကလောက် စိတ်အားထက်သန်မှု ရှိမနေတာကိုလဲ သူမြင်နေရတယ်၊ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တွေ အများကြီး ရှောင်းကျန့် တွေးဖြစ်တယ်၊ ဒါပေမဲ့ အဖြေမထွက်ဘဲ ရှုပ်ထွေးကျန်နေခဲ့တာချည်းပဲ။

အဲလစ်နဲ့ စာချုပ်ရပ်စဲလိုက်ပြီးတဲ့နောက် ရှောင်းကျန့်ဘဝက တော်တော်လေး ခက်ခဲခဲ့တယ်။

ရှောင်းကျန့်ရုပ်ရှင်လောကထဲ မဝင်ခင်ကကိစ္စတချို့က အွန်လိုင်းပေါ် ရောက်လာတယ်၊ ရှောင်းကျန့်က Art ကျောင်းက ဆိုပေမဲ့၊ ရုပ်ရှင်နဲ့ဖလင်မေဂျာ ကျောင်းသားမဟုတ်ဘူး၊ ဒီကိစ္စကို တချို့သော ရုပ်ရှင်နဲ့ ဖလင်နယ်ပယ်က နာမည်ကြီးဆိုသူတွေက သေချာသင်ကြားခြင်း မခံထားရတဲ့ ရှောင်းကျန့်ရဲ့ သရုပ်ဆောင်ချက်တွေက အကြမ်းထည်တစ်ခုလိုပဲ မပီပြင်ဘူးဆိုပြီး ဝေဖန်တယ်၊ ရုပ်ရှင်ပွဲတော်မှာ ဇကာတင်ဝင်ဖို့တောင် မသင့်တော်ဘူးဆိုပြီး ဆွဲချဖို့လုပ်လာတယ်၊ တချို့ကဆို သရုပ်ဆောင်အလုပ်က သူနဲ့မသင့်လျှော်ဘူးလို့ ပြောကြတာတောင် ရှိတယ်။

ဒီဇာတ်ညွှန်းတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို ရှောင်းကျန့်စဉ်းစားနေစရာတောင် မလိုဘူး၊ ရှောင်းကျန့် စိတ်မဆိုးပါဘူး၊ ဒါပေမဲ့ တစ်ခါတလေတော့ ဘာမှမသိတဲ့ လူတွေဆီကနေ ဆဲဆိုခံနေရတဲ့အခါ စိတ်မကောင်း ဖြစ်မိတယ်၊ ဒီလိုနဲ့ Leo သဘောကျတယ်ဆိုတဲ့ ရှောင်းကျန့်ရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာတွေလဲ တဖြည်းဖြည်း ပျောက်ဆုံးလာတယ်။

ဝေဖန်နေတာတွေကို တစ်ခုချင်း ခံစားပြီးတုံ့ပြန်နေရင် လူကိုရော စိတ်ကိုပါ ပိုဖိစီးစေလိမ့်မယ်၊ ဖက်ပြိုင်ပြီး မပြောတော့ကျ ပိုရောင့်တက်တယ်၊ ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်က အင်အားကို အလကားဟသ အကုန်မခံချင်ဘူး။

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now