53

9.1K 1K 39
                                    

အပိုင်း ၅၃။ မမျှော်လင့်ထားတဲ့ဗီဒီယိုကော

ရှောင်းကျန့်က မထနိုင်တာမို့ အပြင်ထွက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် ဒင်နာကို အပြင်ကနေပဲ မှာစားရတယ်။

Leo က ရှောင်းကျန့်နေလို့ အဆင်မပြေမှာ စိုးရိမ်တာ၊ ဒါကြောင့် ရှောင်းကျန့်ကြိုက်တဲ့ အစပ်ကဲကဲ ဟင်းပွဲတွေ တမင်မမှာဘူး၊ အများစုက အဟာရဖြစ်ဖို့ ရည်ရွယ်တာမို့ သာမန်ထက် ဈေးပိုကြီးတယ်။

မှာထားတာတွေ စောင့်နေတုန်း လုပ်စရာမရှိတော့ ရုပ်ရှင်ဖွင့်ကြည့်ကြတယ်၊ ရှောင်းကျန့် ရေချိုးခန်းထဲက ထွက်လာတော့ တီဗီဖန်သားပြင်မှာ စာတန်းစထိုးနေပြီ၊ 'ဝမ်းနည်းစရာကောင်းလွန်းတဲ့ Brokeback Mountain' ဆိုတဲ့ စာတန်းတွေတာနဲ့ ရှောင်းကျန့်မျက်လုံးတွေ ရဲတက်လာတယ်။

ဒီလိုကားမျိုးကို Leo ဘာလို့ ရွေးကြည့်နေမှန်း ရှောင်းကျန့်နားမလည်ဘူး၊ ဒီကားက ရင်နင့်စရာကောင်းလွန်းတဲ့ LGBT နောက်ခံရုပ်ရှင်လေ၊ တစ်ခါကြည့်ပြီး ရင်နာလွန်းလို့ နောက်တစ်ခါ ထပ်မကြည့်နိုင်ဘူး၊ ရှောင်းကျန့်က ဇာတ်သိမ်းက ဒီလိုမဖြစ်သင့်ဘူးလို့ အမြဲတွေးမိတာ။

အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက်တည်းကတစ်ယောက် အပြင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့ သတင်းကြားတော့ ရှောင်းကျန့်မှာ ထပ်ဆင့် ဝမ်းနည်းခဲ့ရသေးတယ်။

"ကောင်းတဲ့လူတွေက ဘာလို့ လောကကြီးကနေ စောစောစီးစီး ထွက်သွားကြတာလဲ Leo.. မကောင်းတဲ့ အိုးခြမ်းပဲ့တွေကျ သက်ဆိုးရှည်ပြီး ပိုက်ဆံတွေရသလောက် ရှာနေနိုင်ကြတာ.. ကောင်းတဲ့လူတွေကျ သေရင်သေ.. မဟုတ်ရင်တောင် တိုက်ခိုက်ခံရပြီး အမည်မသိဘဝနဲ့ တိမ်မြုပ်ကုန်တယ်.. အဲဒါက တကယ်မတရားဘူးနော်"

Leo က ရှောင်းကျန့်ကို ရင်ခွင်ထဲမှာ ဆွဲဖက်ထားလိုက်ပြီး နှစ်သိမ့်သလို ပြောတယ်။

"လောကကြီးမှာ တရားမျှတမှု မရှိတဲ့ကိစ္စတွေ မရေမတွက်နိုင်အောင် ရှိတယ်.. လူတိုင်းက မျှတဖို့ တောင်းဆိုနေရင် ဘုရားသခင်မှာ နားချိန်တောင် ရှိမယ်မထင်ဘူး"

Leo, စကားကြားတော့ ရှောင်းကျန့် ရယ်လိုက်မိတယ်။

"Leo ခင်ဗျားက ဘုရားသခင်ကို ယုံကြည်တာလား.. ကျွန်တော်ကြည့်ဖူးတဲ့ ဟောင်ကောင်ရုပ်ရှင်တွေ တော်တော်များများမှာလဲ ဇာတ်ကောင်တွေက ဘုရားသခင်ကို ယုံကြည်တယ်လို့ ရိုက်ပြကြတယ်.. သူတို့က လက်ဝါးကပ်တိုင်လေးတွေလဲ ဆွဲတယ်လေ.. ငယ်ငယ်တုန်းကတော့ သူတို့ဆွဲထားတာ သဘောကျပြီး ဝတ်ဖို့ ဝယ်ဖူးတယ်.. ဒါပေမဲ့ ပါးသိသွားတော့ ကောင်းကောင်း အဆူခံလိုက်ရတယ်"

Butterfly Blade [蝴蝶刀]      • COMPLETED •Where stories live. Discover now