အပိုင်း ၄၈။ ပဟေဠိတစ်ခုအား အဖြေညှိခြင်း
အရင်လက တီဗီရှိုးတစ်ခု သွားပေးခဲ့ပေမဲ့ လက်တလောတော့ Leo, မှာ ရွှေအဆင့်ရှိတဲ့ ကမ္ဘာကျော်မဂ္ဂဇင်း တချို့က အင်တာဗျူးတွေလောက်ပဲ လုပ်စရာ ရှိနေတယ်၊ Leo, အခြေအနေက အောင်မြင်မှုကို ထိန်းနိုင်ဖို့ ဘာကိုမှ အလောတကြီး လုပ်နေစရာ မလိုဘူး၊ Leo က ဘာလေးပဲလုပ်လုပ်၊ ဘယ်နေရာပဲ ရောက်ရောက် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အပြည့်အ၀ ရထားတဲ့လူမျိုး။
ဟောင်ကောင်က ပြည်မကြီးထက် ဆူညံပြီး ပွင့်လင်းမြင်သာမှုရှိတယ်၊ ဒါပေမဲ့ သူ့ဆီမှာ ချမ်းသာဆင်းရဲ ကွာဟချက် ကြီးမားလွန်းတယ်၊ တချို့လူတွေက အခေါင်းလောက်ပဲကျယ်တဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ တစ်ဘဝလုံး ကုန်ဆုံးရတယ်၊ တချို့ကတော့ ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး တစ်နှစ်ကို ဒေါ်လာသောင်းပေါင်းများစွာကုန်တဲ့ ပုဂ္ဂလိကကျောင်းတွေမှာ တက်နိုင်တယ်၊ ကောင်းကင်တစ်ခုအောက်မှာ အသက်ရှင်နေကြတာချင်း အတူတူဆိုရင်တောင် တစ်ယောက်ရဲ့ဘဝကို ဘေးလူက အပြည့်အစုံ နားလည်နိုင်ဖို့ ခက်လိမ့်မယ်။
Leo ရဲ့ နောက်အလုပ်က ရုပ်ရှင်ရိုက်တာမဟုတ်ဘဲ စီးပွားရေးဘက်လှည့်သွားတယ်၊ သူက သတ္တုတူးဖော်ရေး လုပ်နေတဲ့ မိုင်းတွင်းတစ်ခုကို ဝယ်ဖို့လုပ်နေတယ်၊ ဈေးစကား သေချာပြောပြီးတာနဲ့ အဲဒီ မိုင်းတွင်းက Leo, ပိုင်ဆိုင်မှုတွေထဲကတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒါကမှ အစဉ်အဆက် လက်ဆင့်ကမ်းပေးနိုင်မဲ့ သူ့ရဲ့ကြွယ်ဝမှု အစစ်အမှန်ပဲ။
တောင်အမေရိကကို မသွားခင် Leo က ရှောင်းကျန့်ကို စနောက်နေသေးတယ်။
"မင်းက ကိုယ့်သားအရင်းဖြစ်ရင် ဘယ်လောက်ကောင်းမလဲ ကလေးလေး.. ဒါဆို အဖေတစ်ယောက် နေရာကနေ ကိုယ့်မှာရှိသမျှ မင်းကိုအကုန် အမွေပေးလိုက်လို့ရပြီ.. မင်းကို စက္ကန့်တိုင်းမိနစ်တိုင်း ပျော်နေစေချင်တယ်"
ရှောင်းကျန့်က ရေထဲကနေ Leo နဲ့ လက်ချောင်းချင်း ယှက်ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလာတယ်။
"ကျွန်တော်က အမွေရနိုင်တဲ့ Leo, သားမလုပ်ချင်ဘူး.. Leo နဲ့ပဲ အမြဲတမ်း အတူတူရှိချင်တာ.. မိုးလင်းကနေ မိုးချုပ် ခင်ဗျားကိုပဲ ကြည့်နေချင်တယ်.. ဒါဆိုလုံလောက်ပြီ"
YOU ARE READING
Butterfly Blade [蝴蝶刀] • COMPLETED •
Fanfiction- နည်းမျိုးစုံ သုံးပြီးတဲ့ နောက်မှာတော့ ငါ့ boyfriend အဖေရဲ့ အိပ်ရာပေါ်ကို တက်ခွင့်ရသွားတယ် - ⚠️ Hong Kong Story, Age Swap, Huge age gap, BJYX, Yizhan. The story about versatile fleshy unpredictable dangerous man. Grand Slam actor x Scheming little...