Part.13

6.4K 705 24
                                    

Heatကာလသုံးရက်လုံး ထယ်ယောင်း ဂျောင်ကုတိုက်ခန်းကျဉ်းလေးမှာသာအချိန်ကုန်ဆုံးခဲ့တယ် ။
ဒီကာလအပိုင်းအခြားတွေကအရမ်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရပြီးအစားပျက်အသောက်ပျက်။ထယ်ယောင်းရဲ့သုံးရက်တာနာရီတော်တော်များဟာကုတင်ပေါ်တွင်ချစ်တင်းနှောရင်းကုန်ဆုံးခဲ့ရသည်။ဇီဝဖြစ်စဉ်တစ်ချို့ကြောင့်ခန္ဓာကိုယ်ကလည်းအချိန်တိုင်းအဲ့ဟာလုပ်ဖို့ဆန္ဒရှိနေပြီး၊ခံနိုင်ရည်အားကလည်းတော်တော်ကောင်းသည်။သုံးရက်ပြီးမြောက်တဲ့နေမှာတော့...ထိုဆန္ဒရမ္မက်မီးများအားလုံးရေနဲ့ညှိမ်းသက်ခြင်းခံလိုက်
ရသလိုဘာအကြွင်းအကျန်မှလည်းမရှိတော့။

အရေပြားရင်ဘတ်အောက်ပိုင်းတွင်အနီပုပ်ပုပ်
အမှတ်အရာများရှိသေးသော်လည်းလည်ပင်းနဲ့ရင်
ညွန့်ပေါ်ကအဲ့လောက်ထိမဆိုးရွားသည်မို့ဖုံးလို့ဖိလို့
အဆင်ပြေသေးသည်။ Glandကတော့Alphaတစ်
ယောက်၏ကိုက်ခဲထားခြင်းကိုမခံရသည်ကြောင့်အကောင်းပကတိအတိုင်းရှိနေတုန်းပင်။

"ထယ်ထယ်...အဆင်သင့်ဖြစ်ရင်သွားကြရအောင်"

ကိုကိုအသံကြားမှ ထယ်ယောင်းလက်ထဲကိုင်ထားတဲ့phလေးကိုဘောင်းဘီအိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်သည် ။ သုံးရက်လုံးဖုန်းစက်ပိတ်ထားတာဖေဖေနဲ့အစ်ကို့ကိုဘယ်လိုပြန်ရှင်းပြရမလဲ။

ငူငူငိုင်ငိုင်ကြီး မရွှင်မလန်းဖြစ်နေသောထယ်ယောင်းအားမြင်သော်လည်းဂျောင်ကု ဘာမှမမေးမိ။သိသားပဲလေ..အိမ်ပြန်လို့အဖေနဲ့အစ်ကို ကိုအကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် ဒီကလေးအတွယ်ခံရတော့မှာ။သုံးရက်တိတိသူတို့မျက်စိအောက်ကပျောက်သွားတဲ့ကလေးကိုရှာရင်းဘယ်လောက်တောင်စိတ်သောကရောက်နေလိုက်မလဲ။

ကိုယ့်လုပ်ရပ်ကိုတွေးပြီးကျေနပ်မိသောအခါ...
ဂျောင်ကုစိတ်ထဲပျော်လာသလိုခံစားလာရ၏။

"ကိုကိုဘာတွေတွေးပြီးပျော်နေတာလဲ...."

"အမ်..ကိုယ်အခုထိကင်မ်အိမ်တော်ကသခင်လေးနဲ့
ချစ်သူဖြစ်တာမယုံနိုင်သေးဘူး"

"ချစ်သူမဟုတ်ပါဘူးနော်၊ကိုကိုက ထယ်ထယ့်လက်တွဲဖော်၊ထယ်ကိုယ်တိုင်ရွေးချယ်ထားတဲ့Mate..ပဲ"

Black&White Harmony (Completed)Where stories live. Discover now