Part.6

6.9K 803 25
                                    


"အစ်ကိုကြီးကလည်း...လုပ်ပါ၊ထယ်ထယ်အရွယ်
ရောက်နေပြီကို"

ညီဖြစ်သူရဲ့ချွဲနွဲ့စကားကိုကင်မ်ဂျန်ယောင်းတစ်ယောက်မသိသလိုဟန်ဆောင်လိုက်တယ်။အသက်တွေဘယ်လောက်ကြီးကြီးသူ့မျက်စိထဲကင်မ်ထယ်ယောင်းက ခြောက်နှစ်သားပဲ။အမြဲဂရုတစ်စိုက်ကြည့်ရူ့စောင့်ရှောက်ပေးဖို့လိုအပ်တယ်။

"မရဘူးဆို၊မရဘူးပဲ...ထယ်ထယ်"

"ဘာလို့မရရမှာလဲ၊တက္ကသိုလ်ဖြေပြီးဘွဲ့တောင်ရ
တော့မဲ့ဥစ္စာကို၊နေရာတကာ​က​လေးထိန်းလိုသက်တော်စောင့်လိုလိုဟာတွေနဲ့လျှောက်သွားရဦးမှာလား။ထယ့်ထယ့်အရွယ်တစ်ချို့ဆိုလုပ်
ငန်းခွင်တွေဝင်ကုန်ကျပြီ၊ကိုယ်ပိုင်စီးပွားရေးနဲ့၊
ထယ်ထယ်သူတို့လိုလွတ်လပ်မူ့ရချင်တယ်"

ကင်မ်ထယ်ယောင်းရုံးထိလာပြီးသပိတ်မှောက်သောင်းကျန်းနေသည်ကြောင့်ကင်မ်ဂျန်ယောင်းမှာခေါင်းပင်ထိုးကိုက်လာရသည်။သူ့မှာချစ်စရာ၊ခင်တွယ်စရာဆိုလို့ဒီညီလေးတစ်ယောက်ပဲရှိတာ။ ထယ်ယောင်းငယ်ငယ်တုန်းကတည်းကမေမေ
စောစောစီးစီးဆုံးသွားတယ်။မိခင်မေတ္တာဘာမှန်းမသိတဲ့အသေးလုံးလေးကိုသူရောအဖေပါအစွမ်းကုန်ချစ်ပေး၊အလိုလိုက်ပြီးဒီအရွယ်ထိရောက်အောင်ပြုစုပျိုးထောင်ခဲ့တာ...

"ကိုကြီး.."

"မရဘူး...."

"ထယ်ထယ်ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်၊အဲ့
သက်တော်စောင့်တွေဘာတွေလည်းမလိုပါဘူး၊
ထယ်ထယ့်ကိုကြီးတဲ့အထိအဲ့အတိုင်းကြီးချုပ်ထား
မလို့လား"

မျက်နှာလေးငယ်သွားတဲ့ထယ်ယောင်းကြောင့်ဒီတစ်ခါစိတ်မကောင်းဖြစ်ရတာကသူသာ။

ဂျန်ယောင်း..Macbookအားပိတ်ချလိုက်တယ်။

"ကောင်းပြီ၊ထယ်ထယ့်ကိုကိုကြီးလွတ်လပ်ခွင့်ပေး
မယ်။ပေးထားတဲ့အခွင့်အရေးကိုကောင်းကောင်း
အသုံးချပြီးကိုကြီးယုံကြည်မူ့မပျက်စေနဲ့။တစ်ခု
ခုပြသနာတက်လို့ကတော့ထယ့်ကိုပေးထားတဲ့အခွင့်အရေးအားလုံးဆုံးရူံးမယ်"

"ကျေးဇူးတင်ပါတယ်...ကိုကြီး"

ထယ်ယောင်း...ပျော်လွန်းလို့သွားပင်စိမရ။
လက်ကလေးနှစ်ဖက်ကိုလည်းခပ်ဖွဖွလေးတီးနေပါသေးတယ်။

Black&White Harmony (Completed)Where stories live. Discover now