Part.45

7K 811 56
                                    

ရှေ့နေလွှတ်လိုက်မယ်ဆိုတဲ့စကားအတိုင်းနောက်နေ့တွင် ဂျောင်ကုCompanyသို့ရှေ့နေတစ်ယောက်ရောက်ချလာတော့သည်။ပါတီပွဲအတွင်းဖြစ်ခဲ့တဲ့ပြသနာအချို့ကလိုင်းပေါ်တွင်ပွထနေပြီးအထူးသဖြင့်KimGpရဲ့အငယ်ဆုံးသားလေးရဲ့ Mateအကြောင်းကဟိုးလေးတကြော်။ဒီနိုင်ငံရဲ့အသိုင်းအဝိုင်းတွင်တစ်ခါမှမမြင်ဖူးတဲ့လူကြီးလူကောင်းကတွင်းထွက်ရတနာပိုင်ရှင်ဖြစ်
ပြီးTrueblood Alphaတဲ့လေ။ဒီအဆီတဝင်းဝင်းနဲ့အသားတုံးကြီးကိုပုတ်ချပစ်စရာဘာအကြောင်းမှ
မရှိ။ဗိုက်ထဲသာတစ်တုံးလုံးမျိုချထားရမှာကိုး
သူဌေးလေးကင်မ်က အသဲအသန်ကွာရှင်းချင်သ
တဲ့လေ။အဲဲ့ကွာရှင်းပြတ်ဆဲ ခြင်းရဲ့နောက်ကွယ်ကအကြောင်းအရာကဘာဆိုတာကိုလူတိုင်းသိချင်နေ
ကျသည်။

အဲ့ထဲမှာ ရှေ့နေ ဂူခါလည်းအပါအဝင်ပင်။
ကင်မ်သူဌေးခိုင်းတဲ့အတိုင်းကွာရှင်းစာချုပ်ယူပြီး
လာခဲ့သော်လည်းမစ္စတာဂျွန်ဂျောင်ကုက
ရုံးတွင်ရှိမနေ။နေမကောင်းလို့အိမ်မှာနားနေကြောင်းအတွင်းရေမူးလေးကရှင်းပြလာသည်။နောက်တစ်ကြိမ်သုံးလေးရက်နေပြီးမှသွားတော့လည်း..အလုပ်ကိစ္စနဲ့ နယ်ကိုခရီးထွက်သွားတယ်တဲ့။ရသေးတယ်...ခရီးထွက်ပြီးပြန်ရောက်လောက်မဲ့တစ်ပတ်အကြာလောက်မှသွားလိုက်တယ်။ဒီတစ်ခေါက်တော့ ဘယ်သူ့ကိုမှမမေးမမြန်းပဲအလုပ်ခန်းထဲတိုက်ရိုက်ဝင်သွားတော့သည်။နို့မို့ဆို...အလုပ်ကိစ္စမပြီးပြတ်သေးသ၍ ကင်မ်ထယ်ယောင်း ဖိအားပေးတာကိုခံနေရဦးမှာ။

"ရိုင်းစိုင်းတယ်လို့မထင်ပါနဲ့...မစ္စတာဂျောင်ကု၊ဒီ
ကွာရှင်းစာချုပ်လေးမှာလက်မှတ်ထိုးပေးပါ"

ရှေ့နေဂူခါရဲ့ခပ်စူးစူးအသံကြောင့် CEO ဂျောင်ကုကခေါင်းထောင်ကြည့်လာတယ်။အေးစက်စက်ရေခဲရိုက်ထားတဲ့မျက်ဝန်းတွေနဲ့ဆုံစဥ်အခိုက်တစ်ကိုယ်လုံးအကြောတွေရေခဲရိုက်ခံလိုက်ရသလိုခံစားချက်မျိုးနဲ့တောင့်တောင့်ကြီး။

"ပြန်တော့..."

"လက်မှတ်လေးပါပဲ ဆရာ၊ဒီစာချုပ်လေးပေါ်မှာလက်မှတ်ထိုးပေးပြီးတာနဲ့ ကျွန်တော်ပြန်မှာပါ"

ရှေ့နေဂူခါကရိုးရိုးကျိုးကျိုးပြောလာသည်။မျက်နှာသေကြီးနဲ့ဖိအားတစ်ခုကိုရင်ဆိုင်နေရတဲ့သူကလည်းဒီအခန်းထဲကြာကြာမနေရဲပါဘူး။ဒီလောက်တင်းထန်ပြီးကြောက်ဖို့ကောင်းတာသူဌေးကင်မ်လည်းကွာရှင်းချင်မှာပေါ့။

Black&White Harmony (Completed)Where stories live. Discover now