"နာ..တယ်..."
တိုးတိုးလေးညည်းလာတဲ့ထယ်ယောင်းရယ်။
အစာအိမ်ကိုမီးနဲ့မြိုက်ခံထားရသလိုပဲ၊အရက်
တွေကအဲ့လောက်ပြင်းရလား။သောက်နိုင်အောင်
အလေ့အကျင့်လေးလုပ်ထားတောင်မှလေ။"အ့....အင်းးး....."
သံရှည်ဆွဲ ညည်းသံလေးကြောင့်အလျှင်စလိုကား
မောင်းနေတဲ့လူကမကြာခဏဆိုသလိုနောက်လှည့်
ကြည့်တယ်။ ချွေးစေးတွေပျံကာ မချိမဆံဝေဒ နာ
ကြောင့်ကိုယ်ငယ်လေးက ကွေးချည်ဆန့်ချည်။ Maskကြောင့်မျက်နှာတစ်ခုလုံးအပြည့်မမြင်ရပေမဲ့ပေါ်နေတဲ့မျက်ဝန်းနက်များတွင်တော့စိုးရိမ်ပူပန်
မှု့သည်အထင်းသား။ထယ်ယောင်းက အခုချိန်ထိ
သူများအတွေးအမြင်သဘောထားတွေကို ငြင်းပယ်ရမှာအားနာနေတုန်း။ကြိုက်သည်ဖြစ်
ဖြစ်မကြိုက်သည်ဖြစ်ဖြစ် တပါးလူစိတ်ကွက်သွား
မည်စိုးသောကြောင့် ဘယ်တော့မှမငြင်းပယ်တတ်။ကိုယ်ကြိုက်တာပဲရွေးကာလုပ်တတ်တဲ့သူ
နဲ့တော့ကွာတာပေါ့။"နာ..နာတယ်..."
ဂျောင်ကုကားကိုလမ်းဘေးမှာထိုးရပ်လိုက်တယ်။
ဒီနေရာက ယာဥ်ရပ်မဲ့နေရာမဟုတ်။လမ်းစည်း
ကမ်းထိန်းသိမ်းရေးတွေမြင်လည်းသောက်ဂရုမစိုက်။ထယ်ယောင်းရဲ့ကွေးနေတဲ့ကိုယ်လေးကိုအနည်းငယ်မကာရင်ဘတ်ပေါ်မှီစေပြီး ကိုယ်ပိုင်
pheromonesကိုထုတ်လွှင့်ပေးလိုက်တယ်။သူ
တို့နှစ်ယောက်ကြား က Bond လည်းမပျက်သေး
သလို တရားဝင်လက်ထပ်စာချုပ်တွင်လည်းအတိ
အလင်းကွာမရှင်းထား။ဒါလေးက အဖိုးထိုက်ရတနာလေးလိုအခုချိန်ထိသူ့အတွက်သီးသန့်ရှိနေတုန်းပဲ။pheromonesကြောင့်ရော ၊ ဗိုက်နားတစ်ဝိုက်ခပ်
ဖွဖွလေးပွတ်သပ်ပေးလာတဲ့ဂျောင်ကုလက်တွေ
ကြောင့်ပါထယ်ယောင်းအနည်းငယ်သက်သာလာ
ရသည်။အရက်ရှိန်ကြောင့်မျက်လုံးတော့ဖွင့်မရ။"ထယ်ထယ်...သက်သာလား..."
ထယ်ယောင်းနားထဲမကြားတစ်ချက်ကြားတစ်ချက်တိုးဝင်လာတဲ့ထယ်ထယ်ဆိုတဲ့အသုံးအနှုန်း။
သူက အားနည်းပြီးပျော့ညံတဲ့ထယ်ထယ်မဟုတ်
ဘူးဆိုတာတစ်ဖက်လူကိုပြောပြချင်တာလေ။သို့
ပေသိ မူးယစ်ရီဝေခြင်းနာကျင်ခြင်းတွေကြောင့်
သူ့ခန္ဓာကိုယ်သည်တုပ်တုပ်မျှလှုပ်မရ။အဲ့အစား
မျက်ရည်တွေသာပါးတစ်ဖက်ပေါ်စီးကျလာရ၏။
![](https://img.wattpad.com/cover/344081182-288-k598905.jpg)
YOU ARE READING
Black&White Harmony (Completed)
Hayran KurguCombination of white and black... Combination of bad Rythm and sweet Harmony Jeon JungKook Kim Taehyung