Part.16

6.5K 699 57
                                    

အနိုင်ယူလိုက်နိုင်တဲ့ခံစားကြီးကြောင့်ဂျောင်ကု
စိတ်နဲ့ခန္ဓာတစ်ခုလုံးအရင်ကထက်ပိုပြီးပေါ့ပါး
သွက်လက်နေသယောင်။ဒါသူ့ဘဝအတွက်အမြင့်
မားဆုံးနဲ့အကောင်းဆုံးအောင်မြင်မူ့တစ်ခု။အသက်သွေးကြွေးတွေအတွက်ဒီအောင်မြင်မူ့ကို
ဂုဏ်ပြုသင့်တယ်။အိတ်ကပ်ထဲငွေအရေအတွက်
ကိုလှမ်းစစ်လိုက်တော့မဆိုး။ဒီလောက်ဆိုဆိုင်တစ်
ဆိုင်မှာထိုင်ရင်းသူငယ်ချင်းတွေနဲ့ကောင်းကောင်း
သုံးဖြုန်းလို့ရတယ်။

သူငယ်ချင်းတွေဆိုသည်ကားအခြားလူတွေမဟုတ်။သူနဲ့အတူငယ်ဘဝကနေအခုချိန်ထိကောင်းတူဆိုးဖက်ရှိပေးကြသောဝမ်ဒုံဂျန်တို့ ညီအစ်ကိုသာ။ဒီစားသောက်ဆိုင်စားပွဲထိုးအလုပ်ကိုလည်း
ဒုံဂျန်ကျေးဇူးနဲ့သူရခဲ့တာ။အခုအခါအခွင့်သင့်တုန်း
လေးကောင်းကောင်းမွန်မွန်ပြုစုရန်ဂျောင်ကုဖုန်း
ဆက်ခေါ်လိုက်၏။

ထို့နောက်အချိန်းအချက်ပြုလုပ်ကာ ကမ်းနားဘေး
ကအရက်ဆိုင်တစ်ဆိုင်အားဖုန်းဆက်ခေါ်လိုက်သည်။ထိုဆိုင်သို့ဂျောင်ကုအရင်ရောက်ပြီးအရက်
အပြင်အကင်နဲ့အမြည်းဟင်းလျှာများမှာယူနေစဥ်
ထယ်ယောင်းဖုန်းလေးကတောက်လျှောက်ဆိုသ
လို့မြည်လာခဲ့သည်။အရင်Heatကာလအတူတူ
ရှိစဥ်တုန်းကစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ဒီ
ဖုန်းကိုစက်ပိတ်ခဲ့သော်လည်း အပေါ်စီးရနေချိန်
တော့ရှောင်မလွှဲချင်တော့။ခပ်မြန်မြန်ပင်ဖုန်းကောက်ကိုင်လိုက်တော့၏။

"ဟယ်လို...ယောက်ဖ၊ပြော..."

စစချင်းနှုတ်ခွန်းဆက်လိုက်တဲ့စကားကြောင့်နှလုံး
ခုန်ရင်တုန်သွားတဲ့ပုံ။ကင်မ်ဂျန်ယောင်းမှာအတော်.
ကြာသည်အထိစကားတစ်လုံးမှထပ်ထွက်မလာ။အသက်ရူသံခပ်ပြင်းပြင်းသာကြားနေရပြီး..အခု
လက်ရှိအခြေအနေအာလုံးကိုစဥ်းစားချင့်ချိန်တွေး
တောနေဟန်။ပြီးနောက်ပင့်သက်တစ်ချက်ရိူက်ရင်း ကင်မ်ထယ်ယောင်းဘယ်မှာလဲလို့မေးလာတော့သည်။

"သိပ်စိတ်မပူပါနဲ့ ယောက်ဖကြီးရဲ့၊ထယ်ယောင်း
ကပင်ပန်းလွန်းလို့အိမ်မှာအနားယူပြီးကျန်နေခဲ့
တယ်၊ကျွန်တော်က အချစ်လေးနိုးလာရင်ဗိုက်ဆာ
မှာစိုးလို့ အိမ်အပြင်ထွက်ပြီးမုန့်လာဝယ်တာ၊နိုးလာရင်...ဘာပြောပေးရမလဲ"

Black&White Harmony (Completed)Where stories live. Discover now