Part.5

6.9K 751 28
                                    

သိပ်မပြင်းထန်သည့်ဝေဒ နာကြောင့်ဆေးရုံတွင်
အနည်းငယ်အနားယူပြီးသည်နှင့်အိမ်သို့ပြန်လာ
ခဲ့သည်။တစ်ဆို့နေတဲ့ခံစားချက်ကြီးကြောင့်အိမ်
ပြန်လမ်းတစ်လျှောက်လုံးဂျောင်ကုစကားမပြော
ဖြစ်။သူအတင်းတိုက်လိုက်တဲ့အရက်တွေကြောင့်
ဒီလိုဖြစ်ရတာပါ ဆိုတဲ့အမှန်တရားကင်မ်ထယ်ယောင်းဘာလို့ဖုံးကွယ်ထားတာလဲ...

ဘာကြောင့်လဲ၊ ဘာလို့လဲလို့။

ကားနောက်ကြည့်မှန်ကနေတစ်ဆင့်မြင်နေရတဲ့
ဖြူဖျော့ဖျော့အရိပ်ကလေး။ထယ်ယောင်းလေးမှာကားပြူတင်းပေါက်မှန်ကိုခေါင်းမှီရင်း ၊အသက်ရူ
သံမှန်မှန်ဖြင့် ငြိမ်ငြိမ်လေးအိပ်နေသည်။အတွေး
တွေနဲ့ပူလောင်နေတာကိုယ်တစ်ယောက်ထဲပါလား
ဟုတွေးမိလိုက်ပြီးဂျောင်ကုနှုတ်ခမ်းထောင့်စွန့်လေးများပြုံးသလိုကော့တက်သွားရ၏။ကိုယ်
ကတော့ရင်ထဲမီးတောက်တွေလောင်ကျွမ်းနေပေမဲ့
ထိုကလေးကတော့ ငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်
နိုင်ပါသေးတယ်။

ခြံဝန်းထဲကားထိုးရပ်လိုက်သည်နှင့်အဒေါ်ကြီး
ယွန်းနာကိုယ်တိုင်လာကြိုသည်။ထယ်ယောင်းအား
တွဲကာအပေါ်ထပ်အခန်းထဲထိသယ်ပေးဖို့လက်
လှမ်းပြင်လိုက်သော်လည်းခပ်ဖျော့ဖျော့လက်တစ်စုံ၏တားမြစ်ခြင်းကိုခံလိုက်ရ၏။

"မင်းနေ....ဂျောင်ဝူးသယ်သွားလိမ့်မယ်"

ဂျောင်ဝူးဆိုတဲ့ကောင်လေးက ကားထဲကနေယိုင်
နဲ့နေတဲ့ထယ်ယောင်းကိုယ်လေးကိုလက်မောင်း
ကနေဆွဲထုတ်ကာအပေါ်ထပ်အခန်းထဲသို့တွဲကာ
ခေါ်သွားပေး၏။ခပ်သေးသေးနောက်ကျောလေး
ကိုကြည့်ကာစိတ်ထဲစနိုးစနောင့်နဲ့အနေခက်သော်
လည်းဂျောင်ကုမျက်နှာထက်ရိုကျိုးသောအမူအယာနဲ့အပြုံးသေးသေးလေးတစ်ခုကိုချိတ်ဆွဲထားတုန်းပင်။

"ဂျောင်ကုရှီ...က ကင်မ်ထယ်ယောင်းရဲ့သက်တော်
စောင့်ဆိုပေမဲ့ကောင်းကောင်းမလုပ်နိုင်ဘူးပဲ၊ ပေါ့
တီးပေါ့ပျက် အလုပ်ထဲစိတ်မဝင်စားရင်၊ထွက်လိုက်တော့...."

အစကတည်းက ကင်မ်ယွန်းနာဆိုတဲ့အဘွားကြီး
ဂျောင်ကုပေါ်သိပ်ကြည်သည်မဟုတ်။သူ...ထယ်
ယောင်းနားရှိတဲ့အချိန်တိုင်းအဖွာကြီး၏မလိုမုန်း
ထားအကြည့်တို့ကိုရိပ်မိခဲ့၏။အခုလည်းဂျောင်ကု
ကိုစကားဖြင့်တိုက်ခိုက်ကာအိမ်ထဲသို့သုတ်တီးသုတ်ပြာဝင်သွားတော့သည်။

Black&White Harmony (Completed)Where stories live. Discover now