Part.22

6.5K 736 44
                                    

ဗိုက်ထဲသေးသေးလေးရှိကြောင်းသိပြီးသည်နှင့်
ထယ်ယောင်းကိုယ့်ကိုကိုယ်ပိုဂရုစိုက်ဖြစ်လာတယ်။အရင်ကလိုဖြစ်သလိုနေဖြစ်သလိုစားဘဝနဲ့နေလို့မရ။ကလေးအတွက်အကျိုးဖြစ်စေမဲ့နေထိုင်မူ့ဘဝပုံစံအဖြစ်တစ်ဖြည်းဖြည်းပြောင်းလဲယူဖို့ကြိုးစားရမည်။ဗိုက်ထဲရှိ အကောင်ပေါက်လေးကသားသားဖြစ်ဖြစ်၊မီးမီးလေးဖြစ်ဖြစ်မိဘမေတ္တာအပြည့်အဝပေးကာပြုစုပျိုးထောင်ပေးမည်။မိဘနှစ်ပါးရဲ့
အရိပ်အာဝါသတွင်ဘဝမှာအပူအပင်ရယ်ဆိုတာ
မရှိစေရ။

နွေဦးမှာအဝါရောင်ပန်းတွေပွင့်ပါလိမ့်မယ်။နှစ်စဥ်
အဝါရောင်ပန်းပွင့်လေးတွေနဲ့အပြိုင်မြို့ပြရဲ့မြူထု
ကြားပုစိလေးကတစ်ဖြည်းဖြည်းအရွယ်ရောက်ပါ
လိမ့်မယ်။သူတို့နှစ်ယောက်ရဲ့ကလေးလေးက
မြို့ကြီးအလင်းရောင်အောက်မှာပျော်ရွှင်စွာဆော့က
စားကြပါလိမ့်မည်။ထယ်ယောင်း  ကလေးလေးဘေးနားရင်အုပ်မကွာထိန်းကျောင်းပဲ့ပြင်ရင်းအချိန်တစ်ချို့ကုန်လွန်ကာအိုမင်းရင့်ရော်သွားပါလိမ့်မည်။
ငယ်ရွယ်နုပျိုမူ့၊လှပခြင်းတွေ..တာတာ့ပြသွားတဲ့
တစ်နေ့ကိုကိုသူ့ကိုဆက်ချစ်နိုင်ပါဦးမလား။အဲ့
နေဝင်အိပ်တန်းတက်ချိန်ရောက်ခဲ့ရင်..ဂျွန်ဂျောင်ကုဆိုတဲ့လူသူ့ဘေးနားရှိမရှိသေချာမသိပေမဲ့၊သင်္ချိုင်းမြေပုံထက်တွင်တော့...ကင်မ်ထယ်ယောင်းဆိုတဲ့နာမည်လေးနဲ့အုတ်ဂူတစ်လုံးရှိလာလိမ့်မည်။

အချစ်ရေးမှာဖြောင့်ဖြူးမှု့မရှိတဲ့ကလေးငယ်က
နောက်တစ်ကြိမ်မည ည်းမညူထပ်ဆုတောင်းမိတယ်...

*ကလေးလေးနဲ့အတူသာယာချမ်းမြေ့တဲ့မိသားစု
ဘဝလေး ပိုင်ဆိုင်ပါရစေလို့*

ကံကြမ္မာဆိုတာကြိုတင်ဖန်တီးထားတဲ့ဘဝဇာတ်ခုံ
လိုပဲ၊ဘယ်နေ့၊ဘယ်နေရာမှာ၊ဘာဖြစ်မယ်ဆိုတာက
အစသူစီစဥ်ထားပြီးသား။ရှေးရေစက်ဆုံကြလို့နှစ်ဦးသားအကြောင်းပါလာတာပဲကိုကိုရယ်။အဆုံးသတ်လေးကိုတော့...ပျော်ရွှင်စရာဇာတ်သိမ်းချင်တာပေါ့။

မနက်ခင်းစောစီးစွာပင်ထယ်ယောင်းနိုးလာခဲ့တယ်။
ဂျောင်ကုကတော့သူ့ဘေးနားမှောက်လျှက်အိပ်နေတုန်းပင်။အိပ်စက်နေတုန်းဒေါသတွေ၊အလိုမကျမူ့
တွေကင်းကွာနေသည်ကြောင့်ကိုကို့မျက်နှာကပိဘိ
ကလေးငယ်လေးသဖွယ်။

Black&White Harmony (Completed)Where stories live. Discover now