Part.46

7.5K 847 65
                                    

ထယ်ဂုလေးလက်ထဲ banana milkတစ်ဘူးကိုင်
ထားပြီးနောက်လက်တစ်ဖက်တွင်တော့စတော်
ဘယ်ရီပါမုန့်တစ်လုံးကိုင်ထား၏။ထိုမုန့်နှစ်ခုကိုတစ်လှည့်ပြီးတစ်လှည့်စားလိုက်သောက်လိုက်လုပ်နေသောထယ်ဂုလေးကိုကြည့်ကာဂျောင်ကု ပြုံးတုံတုံ။

သူ့လိုလူတစ်ယောက်က ခံစားချက်မေတ္တာဘွဲ့တွေ
ဖွဲ့ဆိုတတ်သည်မဟုတ်။သားလေးငေးကြည့်
ရင်း...ဒါငါ့သား၊ဂျွန်ဂျောင်ကုရဲ့အစွယ်အပွားလေး
ဆိုတဲ့အသိစိတ်လေးကြောင့် ၊မေတ္တာတရားတွေ
အလုံးအရင်းထိုးတက်လာပြီးကြည်နှုးပီတိကလည်းဘာနဲ့မှလဲလို့မရ။တတ်နိုင်ရင်..သားသား
ကိုတစ်ချိန်လုံးသူ့အနားခေါ်ထားလိုက်ချင်တာ။

"ဦးဦးရော...ဘာမှမစားဖူးလား"

"ဒီမလာခင်ထမင်းတွေအများကြီးစားထားလို့..
ဦးဦးကဗိုက်ပြည့်နေပြီ။ဒါနဲ့ ထယ်ဂုလေးက..
Banana Milkကိုကြိိုက်လား..."

"အရမ်းကြိုက်တယ်၊ဒါပေမဲ့ သားသားချောင်းဆိုး
မှာစိုးလို့ပါးပါးကအများကြီး မတိုက်ဘူး"

ထယ်ဂုလေးက စကားပြောတိုင်းနှုတ်ခမ်းလေး
ချွန်သွားတတ်၏။စတော်ဘယ်ရီ creamလေး
တွေနှုတ်ခမ်းထောင့်စွန်းတွင်ပေကျံနေသည်ကြောင့်ဂျောင်ကုလက်မလေးနဲ့ဖိသုတ်ပေးလိုက်သည်။
ပြီးနောက်ခေါင်းလုံးလုံးလေးကိုလက်ထိုးဖွလိုက်
ပြီး..

"နောက်ဆို...ဦးဦးက ခဏခဏလာလာတွေ့မဲ့အပြင်၊သားသားကြိုက်တဲ့မုန့်တွေလည်းအများ
ကြီးဝယ်ကျွေးမယ်..ဟုတ်ပြီလား"

ထယ်ဂုလေးကခေါင်းညိမ့်လာ၏။

"ပါးပါးသိသွားရင်ဆူမှာလား..."

"ဘာကို...."

"ပါးပါးက သားကိုသူစိမ်းတွေဘာကျွေးကျွေး
မစားရဘူး၊ဘယ်ခေါ်ခေါ်မလိုက်ရဘူးတဲ့။သူတို့ကသားကိုဖမ်းပြီးအူတွေအသဲတွေဆွဲထုတ်ပြီးရောင်းစားမှာတဲ့"

ဂျောင်ကု ရယ်မိလိုက်သည်။သားသားက ထယ်
ယောင်းစကားကိုချွင်းချက်မရှိနားထောင်တဲ့သား
လိမ္မာလေးပဲ။ဂျောင်ကုငယ်ငယ်တုန်းက မိဘစကားကိုသိပ်နားထောင်သည်မဟုတ်လှ။မိဘ
ရှေ့အွင်း၊အဲခေါင်းညိမ့်ပြီးနောက်ကွယ်လုပ်ချင်တာလုပ်တာ။

Black&White Harmony (Completed)Where stories live. Discover now