Kim Groupကတစ်လအတွင်းသူတို့ရဲ့Princess
Collectionကိုကြေငြာခဲ့ပြီး ရတနာလက်ဝတ်ဒီဇိုင်းတွေကိုရောင်းချခဲ့တယ်။အွန်လိုင်းပေါ်က
ကြိုတင်အဝယ်မှာယူသူတိုင်းက Kim Vရဲ့
Tears လည်ဆွဲကိုကြိုက်နှစ်သက်ခဲ့ပြီးorder
အမြောက်အများကိုလည်းလက်ခံရရှိခဲ့တယ်။Tearsရဲ့ပုံပန်းသွင်ပြင်ယခုခေတ်စားနေတဲ့ဒီဇိုင်းတွေနဲ့မတူတာအားသာချက်ဖြစ်သွားပြီး၊လူတိုင်းရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့တယ်။Tear က ရတနာ
စျေးကွက်အတွင်းအရောင်းရဆုံး itemတစ်ခု
ဖြစ်လာခဲ့ပြီးCompany ၏ရှယ်ယာသည်လည်း
တစ်ရှိန်ထိုးတက်လာခဲ့သည်။Kim Gpက ဒီတစ်ခေါက်ပြိုင်ဘက်ဖြစ်တဲ့Ocean
ကိုအလဲထိုးနိုင်ခဲ့ပေမဲ့၊Oceanအတွက်တော့
ကြောက်စရာကောင်းတဲ့စိန်ခေါ်မူ့တစ်ရပ်ဖြစ်လာ
ခဲ့တယ်။ဒါ့ကြောင့်Ocean CEO လီရှီဝူးမှာအစည်း
အဝေးခေါ်လိုက်ပြီးနောက်ထွက်မဲ့ဒီဇိုင်းအတွက်ကြိုတင်ပြင်တင်မူ့ကိုစတင်ရေးဆွဲတော့သည်။"ဒီတစ်ခေါက်ပွဲကဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်တယ်မလား။Privateဆိုပေမဲ့
ဝန်ကြီးကတော် သဘောကျရင်ငါတို့ငွေပုံပေါ်ပြန်
ရောက်သွားနိုင်တယ်၊ဒါ့ကြောင့် မင်းတို့တွေအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့လိုတယ်"လီရှီဝူးအမိန့်စကားအဆုံးဝန်ထမ်းများအားလုံး
ခေါင်းညိမ့်ကာထောက်ခံကြသည်။Oceanက
Kim Gpနဲ့ယှဥ်ရင်လုပ်ငန်းသေးသေးလေးပါ။
ကျောက်မျက်ရတနာလက်ဝတ်လက်စားရောင်း
ဝယ်ရေးကOcean၏ပင်မသွေးကြောဆိုပေမဲ့၊
Kimတွေအတွက်ကတော့လုပ်ငန်းကြီးတစ်ခုလုံး၏
လက်တံလေးတစ်ခုသာ။အရည်အချင်းရှိတဲ့ဒီဇိုင်
နာတွေအားလုံးထွက်သွားတယ်လို့သတင်းရတုန်းက လီရှီးဝူတော်တော်ပျော်ခဲ့တာ။သို့သော်..
ကျန်ခဲ့သည့်တစ်ဦးတည်းသောဒီဇိုင်နာကိုလျှော့
တွက်လို့မရတော့။အကောင်းဆုံးဖြစ်အောင်သူ့ဘက်ကကြိုတင်ပြင်ဆင်ထားဖို့လိုပါလိမ့်မည်။
နောက်တစ်ခါ Kim Gpကိုထပ်ရှုံးရင်Ocean၏
သိက္ခာအဖတ်ဆယ်လို့မရအောင်မြောင်းထဲရောင်း
သွားမှာ။ဝန်ထမ်းတွေအားလုံးပြန်သွားသည့်တိုင် လီရှီဝူး
ကတော့အစည်းအဝေးခန်းမထဲ ထိုင်ရာကနေ
မထဘဲတွေးမိတုန်း။စီးပွားရေးလောက ကစစ်တုရင်ကစားသလိုပင် တစ်ကွက်မှားတာနဲ့အကုန်
ခံသွားရမှာ။
YOU ARE READING
Black&White Harmony (Completed)
FanfictionCombination of white and black... Combination of bad Rythm and sweet Harmony Jeon JungKook Kim Taehyung