Part.24

6.6K 756 19
                                    

ကိုကို့အပေါ်အဲ့နေ့ကနည်းကစပြီးသူသွေးအေးသွား
တယ်။အရင်တုန်းကလိုအတင်းလိုက်တွယ်ကပ်မနေ
တော့။ကိုကို​ပြောသမျှ အလိုက်အထိုက်လေးပဲ ပြန်တုံ့ပြန်လိုက်တယ်။ဘာစိတ်ကူးပေါက်မှန်းမသိတဲ့
ကိုကိုကသုံးရက်လောက်အလုပ်မသွား။အိမ်မှာ
တစ်ချိန်လုံးရှိနေကာထယ်ယောင်းစားချင်သောက်ချင်တာလေးတွေပြေးပြေးဝယ်ပေးသည်။

ကိုကို့ဂရုစိုက်နွေးထွေးမူ့တွေကအပေါ်ယံအလိမ်
အညာသက်သက်တွေဖြစ်မှာလည်းကြောက်ပါတယ်။အချိန်တစ်ခုရောက်တဲ့အထိ လီဆိုဟီးကိုထပ်
ဆက်သွယ်နေတုန်းပဲမလား။ဖြတ်လို့မရတဲ့သံယောဇဥ်ကိုထယ်ယောင်းပါးစပ်အညောင်းခံပြီးထပ်မပြောတော့။

ဖေကြီးသံသယနဲ့စွပ်ဆွဲချက်တွေကိုသည်းခံကာ
အရွယ်တစ်ခုရောက်သည်အထိသူရှင်သန်နေနိုင်
ခဲ့တယ်။မျက်ကွယ်ပြုရမဲ့....အရာတွေကိုလစ်လျူ
ရူတတ်အောင်သင်ယူရင်းနဲ့ပေါ့။ငယ်စဥ်စိတ်ကူး
အိမ်မက်လေးက သူအရွယ်ရောက်ရင် အချစ်စစ်
ကိုရှာဖွေတွေ့ရှိပြီးအဲ့လူ့ဆီကတုန်နေအောင်အချစ်
ခံချင်တာ။

"ထယ်ထယ်..."

"အင်း...."

မှန်ဗီရိုကပစ္စည်းတွေဖုန်သုတ်ရှင်းလင်းနေတုန်းကိုကို
ကလှမ်းခေါ်လာတယ်။ထယ်ယောင်းကြက်မွှေးတစ်
ချောင်း နဲ့စင်ပေါ်ကဖုန်မှုန့်တွေကိုသပ်ချလိုက်ပြီးအဝတ်သန့်လေး သုံးကာဗီရိုထဲက အရာဝတ္ထု
သန့်ရှင်း နေ​လိုက်တယ်။

"လက်ထဲက လက်ထပ်လက်စွပ်ရော..."

ဂျောင်ကု သတိထားမိတာကြာပြီဖြစ်သော်လည်း
ထယ်ယောင်းကိုထုတ်မမေးမိခဲ့။သူဝယ်ပေးထား
တဲ့လက်ထပ်လက်စွပ်မတော်သည်ကြောင့်ဒဏ်ရာ
ရပြီးနောက်ပိုင်းတွင်၊ ထယ်ယောင်းလက်သူကြွယ်
လေးပေါ်ထိုငွေရောင်လက်စွပ်လေးထပ်မမြင်ရတော့။

"မတော်လို့...ချွတ်ထားလိုက်ပြီ၊ဒါပေမဲ့..လည်ပင်း
ကြိုးလေးလုပ်ပြီးဆွဲထားတယ်"

ထယ်ယောင်းပြောပြီးပြီချင်း...တီရှပ်ပွပွကြီး၏
အပေါ်ဆုံးကြယ်သီးနှစ်လုံးလောက်ကိုချွတ်ကာ
ဂျောင်ကုအားလှစ်ဟပြလာတယ်။လှပသောလည်တိုင်လေးထက်ဝယ်...ခပ်ပါးပါးရွှေဖြူဆွဲ
ကြိုးလေးတစ်ကုံးကို ငွေရောင်လက်စွပ်လေးတစ်
ကွင်းနဲ့ရောပြီးဆွဲထားတယ်။

Black&White Harmony (Completed)Where stories live. Discover now