ခလုပ်ထိမှအမိတဆိုသကဲ့သို့၊ထယ်ယောင်းလည်း
ဒုက္ခရောက်ပြေးတွေ့စရာအဖေတစ်ယောက်ထဲရှိ
တာ။အဖေကထောင်ထဲအပြစ်ကြွေးတွေဆပ်နေ
ခိုက်၊သူက Kim Gpကိုခွေးလုံးလုံးဖြစ်စေတဲ့သူနဲ့
ပြန်ဇာတ်ပေါင်းထုပ်ရမယ်ပေါ့။အိပ်မရတာဘယ်
နှစ်ညရှိပြီလည်း။အိပ်ဆေးတွေဘယ်နှစ်ဗူးကုန်
သွားပြီလည်း။မျက်တွင်းတွေချောင်ချပြီးအတွေး
ပေါင်းစုံဝင်ရောက်ကာ ညမိုက်မိုက်တွေကိုပိုခြောက်ခြားစေတယ်။သေ သွားတဲ့သူက ကိုကြီး
မိသားစုမဟုတ်ဘဲ ထယ်ယောင်းဖြစ်နေခဲ့ရင်ကောင်းမှာ။အနည်းဆုံးတော့ဒီဒုက္ခ စိတ်ဆင်း
ရဲခြင်းတွေက ကင်းလွတ်ပြီးတမလွန်မှာငြိမ်းငြိမ်း
ချမ်းချမ်းနေလို့ရမှာ။အဝါရောင်ပန်းတွေကနေရောင်အောက်မှာရွှေရောင်တောက်လို့။သူ့လက်နှစ်ဖက်အပြည့်အဝါ
ရောင်ပန်းတွေကိုဆုပ်ထွေးကိုင်ချင်တာ။စိတ်ညစ်
ညူးစွာနဲ့ နောက်တစ်ခါသက်ပြင်းတစ်ချက်ချတယ်။စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိုးကျ
နေသူနဲ့အဝါရောင် ပန်းလေးတွေက လိုက်ဖက်နိုင်
ပါ့မလား။
ထယ်ယောင်းကိုယ့်ကိုကိုယ်အပြစ်ရှိသူလို့ခံစား
နေရတယ်။အစ်ကိုဂျန်ယောင်းပြီးတော့ ဖေဖေ၊
အားလုံးပေါ်အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ။
သားသားကိုရော...ဖြစ်ပျက်ခဲ့တဲ့အရာတွေအတွက်
ဘယ်လိုပြန်ပေးဆပ်ရမလဲ။တစ်ကယ်လမ်းပျောက်နေတာကိုမှရွေးချယ်စရာလမ်းကိုမရှိတာ။ထယ်ယောင်း ထောင်ဝင်စာလာတွေ့ပေမဲ့
၊ဖေကြီးကမပြုံးမရယ် ရယ်။ အသက်ကစကားပြောလာသည်ကြောင့်ဆံပင်တွေပိုဖြူ
လာပြီးအရေပြားတွေပိုလျော့ရဲလာတယ်။
မာန်မာနထောင်လွှားတဲ့မျက်ဝန်းတွေက အခုတော့အားငယ်ညိူးနွမ်းနေသယောင်။အိုစာနေပြီ
ဖြစ်တဲ့ အဖေနေရာမှာသူဝင်ခံစားရင်း ရင်ထဲလုံးဝ
မကောင်း။"ဖေကြီး....နေကောင်းလား"
"ငါ နေကောင်းလားမကောင်းလားထက်၊မင်း
ကိုယ်မင်းဂရုစိုက်စမ်း။ခန္ဓာကိုယ်ကလည်းအရင်ကထက်ပိုပိုပိန်လာတယ်..အစားရောကောင်းကောင်းစားရဲ့လား။ထောင်ထဲနေနေ တဲ့ငါတောင်မင်းထက်ကျန်းမာသေးတယ်၊ဒီကအပြန် ဆေးရုံဝင်ပြီးအားဆေး သွားသွင်းလိုက်"
YOU ARE READING
Black&White Harmony (Completed)
FanfictionCombination of white and black... Combination of bad Rythm and sweet Harmony Jeon JungKook Kim Taehyung