အနုစိတ်ကျသောဒီဇိုင်းရွေးဆွဲ ခြင်းအတွက်ထယ်
ယောင်းအသဲအသန်အာရုံစိုက်နေရသည်။သူက
ယောကျာ်လေးမို့လားမသိ။အရမ်ကြီးပြွတ်သိပ်ပြီ
သိပ်သည်းကျစ်လစ်တဲ့ဒီဇိုင်းတွေကိုစိတ်မဝင်စား။
အရိုးရှင်းဆုံး ရွှေဖြူ၊စိန်နဲ့ကျောက်စိမ်းရဲ့ပေါင်းစပ်
ခြင်းကို စိတ်ကူးယဥ်ပုံဖော်နေမိသည်။ဝတ်လိုက်ရင်
စိန်ကြောင့်ထင်းနေပေမဲ့သက်တောင့်သက်သာရှိတယ်ဆိုတဲ့ခံစားချက်လေးလည်းရစေချင်တယ်။စက္ကူ ဖြူဖြူပေါ် ဆွဲ ကြိုးဒီဇိုင်းများစွာသူပုံဖော်
ဆွဲတယ်။အဆင်ပြေတယ်ထင်ပြီးပြီးကာနီးမှာ
ထယ်ယောင်းလုံးချေလွှင့်ပစ်လိုက်ရတဲ့စာရွက်တွေ
ကတစ်ပုံကြီး။နေ့ခင်းနေ့လည်ဘက်ဗိုက်ကတစ်
ကြုတ်ကြုတ်ဆာလာသောအခါသူက အလုပ်ကို
ခဏရပ်ထားလိုက်ရတယ်။မီးဖိုချောင်ထဲသွားပြီး
ကိုကိုပြင်ပေထားတဲ့နေ့လည်စာကိုစားတယ်။အခုတလောစိတ်ကောင်းဝင်နေတဲ့ကိုကိုကထယ်
ယောင်းအပေါ်ငြူဆူခြင်းသိပ်မရှိပါလေ။ဂရုတစ်
စိုက်ရှိတဲ့အပြင်ဟိုနေ့တုန်းကတောင်ကိုယ်ဝန်ဆောင်
အားဆေးဝယ်ပေးလာသည်။ကိုယ်ဝန်အတွက်
လိုအပ်တဲ့Alpha Pheromonesအနံအစားဂျောင်ကု
အင်္ကျီမှာစွဲထင်နေတဲ့ရေမွှေးအနံတွေကိုရူရိူက်နေလိုက်တယ်။ကြာတော့လည်း...Alphaရဲ့
Pheromomesအနံတွေနေရာမှာဂျောင်ကုရဲ့ကိုယ်
သင်းရနံအစားထိုးခြင်းကအောင်မြင်သွားတာပဲ။နေ့လည်စာ စားပြီးသည်နှင့်ခွက်အပြည့်နွားနို့တစ်ခွက်ဖျော်ကာ အလုပ်စားပွဲတွင်ပြန်ဝင်ထိုင်သည်။
ဒီဇိုင်းအတွက်ဟုတ်တိပတ်တိဘာမှမဆွဲရသေး။
ဒါကသူ့ဘဝတက်လမ်းအတွက်အရေးကြီးသလို
ဗိုက်ထဲကပုစိလေးအတွက်လည်းအရေးပါတယ်။
ထယ်ယောင်းဒီဇိုင်းသာဘုတ်အဖွဲ့ကရွေးချယ်ခဲ့ရင်
ပုစိလေးအတွက်ပုခက်ဝယ်ပေးရမယ်။ကျန်တဲ့
ငွေတွေကိုဘဏ်မှာစုမယ်။
ထပ်မံကြိုးစားမူသည့်ထယ်ယောင်းအတွက်အရာထင်ပါ၏။ဒီဇိုင်းအတွက်အနုစိတ်လေးတွေဆွဲရတာလက်ဝင်ပေမဲ့ထယ်ယောင်းအတွက်သိပ်ပြီးမခဲယဥ်း
ပါလေ။ဘေးနားချထားတဲ့Ph screenတစ်ချက်လင်းလာ၏။စာတိုတစ်စောင်ဝင်လာသည်ကြောင့်ထယ်
ယောင်းအမြန်ပင်ကောက်ဖတ်မိလိုက်တယ်။
YOU ARE READING
Black&White Harmony (Completed)
FanfictionCombination of white and black... Combination of bad Rythm and sweet Harmony Jeon JungKook Kim Taehyung