အားလပ်ရက်ကုန်ဆုံးသွားသည်နှင့်သူတို့နှစ်ယောက်လုံးသက်ဆိုင်ရာလုပ်ငန်းခွင်သို့ပြန်ဝင်ကျရသည်။ဒီတစ်ခါ collectionအတွက် show
တစ်ခုပါလုပ်ဖို့တွေးထားပြီးကြော်ငြာအတွက်လည်းငွေအများကြီးသုံးမည်။ပြိုင်ဘက်Ocean
အင်အားကလျှော့တွက်မရ။လီရှီဝူးကဥာဏ်နီဥာဏ်နက်များတဲ့အပြင်ကျောထောက်နောက်ခံတော်ဝင်မိသားစုကလည်းရှိသေး။ထယ်ယောင်းအလုပ်များနေစဥ်မှာပဲ ဂျောင်ကုဆီမှ
ဖုန်းဝင်လာသည်။"ပြော...ဂျောင်ကု"
"ဒီနေ့ကုန်ကြမ်းတွေလာကြည့်မလို့ဆို..."
"ဟုတ်တယ်...နောက် collection အတွက်ကုန်ကြမ်းလိုတယ်"
"မင်းကိုယ်တိုင်လာကြည့်ပါလား..."
"နိုး...အတွင်းရေးမှူးအန်နာကိုလွှတ်ပေးလိုက်မယ်၊သူကငါ့ထက်အဲ့ဘက်အပိုင်းတွေမှာကျွမ်းတယ်"
ထယ်ယောင်းစကားကြောင့်ဖုန်းတစ်ဖက်ဆီမှဂျောင်ကုရယ်သံတိုးတိုးလေးပျံလွင့်လာတယ်။
"ဘာလဲ...လင်လင်ချင်းဂျင်းထည့်မှာကိုကြောက်နေတာလား"
"ကြောက်ရတာပေါ့...လူတိုင်းကငွေနဲ့ပတ်သတ်လာ
ရင်အချင်းချင်းနောက်ကျောဓားနဲထိုးကျတဲ့သူတွေ
ချည်းပဲ"မထင်မှတ်ပဲလွှတ်ကနဲထွက်မိသွားတဲ့စကားကဂျောင်ကုအရှိုက်ထိသွားတဲ့ပုံ။ချက်ချင်းကြီးအသက်ရှုသံမကြားရလောက်အောင်ငြိမ်သက်သွားတော့သည်။
"ဆောရီး...ငါတစ်ကယ်မရည်ရွယ်ပါဘူး၊ဒီအတိုင်းလွှတ်ကနဲပြောမိသွားတာ"
ထယ်ယောင်းဘာလို့ တောင်းပန်းမိလည်းမသိလိုက်။အချစ်ဆုံးမကလို့ ဘာကောင်ကြီးပဲ ဖြစ်ဖြစ်
ဘယ်သူ့ကိုမှ မယုံဖို့ဂျောင်ကုသင်ပေးသွားခဲ့တာ။"ရပါတယ်...ကိုယ်နားလည်တယ်။မင်းနေရာမှာ
ကိုယ်ဆိုလည်းသင်ခန်းစာကောင်းကောင်းရသွား
မှာ...."ထယ်ယောင်းနဲ့ဂျောင်ကုကြားကလေ လှိုင်းလေးမှာ
ရုတ်တရပ်လေးလံလာသလို။ဖုန်းကိုင်ထားလျှက်ပင်အတွေးကိုယ်စီနဲ့စကားမပြောဖြစ်ကျ။"တောင်းပန်ပါတယ်။နောက်..မင်း ယုံကြည်ရတဲ့
လူဖြစ်အောင်အစွမ်းကုန်ကြိုစားပါ့မယ်"
![](https://img.wattpad.com/cover/344081182-288-k598905.jpg)
YOU ARE READING
Black&White Harmony (Completed)
FanfictionCombination of white and black... Combination of bad Rythm and sweet Harmony Jeon JungKook Kim Taehyung