Part.48

6.8K 847 81
                                    


"အဲ့ဒီတော့ တရားရုံးတက်ရင် ကလေးဆုံးဖြတ်ချက်အရေးကြီးတယ်ပေါ့..."

"ဟုတ်  ...တရားဝင်ကွာရှင်းပြတ်စဲလိုက်တာနဲ့
ကလေးအကြောင်းက ပါကိုပါလာမှာပါ။အဲ့ကျ
အုပ်ထိန်း မူ့တွေ၊နစ်နာသူဘက်က ရသင့်ရထိုက်
တဲ့အခွင့်အရေးကို တရားရုံးက အကောင်းဆုံး
ဆောင်ရွက်ပေးပါလိမ့်မယ်"

ရှေ့နေဂူခါစကားကြောင့်ထယ်ယောင်းသက်ပြင်းသာချတယ်။ဂျောင်ကုနဲ့တရားဝင်ပြတ်ပြတ်သားသားကွာရှင်းချင်တယ်ဆိုပေမဲ့၊ထယ်ဂုလေးက
ရှိသေး။နဂိုတည်းက ထယ်ဂုလေးက ဒယ်ဒီဆိုရင်
စကားလုံးနဲ့တင်အရမ်းသဘောကျခင်တွယ်နေတာ။လူတစ်ကောင်လုံး  *ဒါ မင်းဒယ်ဒီ.. *
ဆိုပြီးချပြလိုက်ရင်တစ်သက်လုံးကျွေးမွေးပြုစု
လာတဲ့ ထယ်ယောင်းကိုတောင်ဘက်ကန်သွားမလာဘဲ။

"လူကြီးမင်း စိတ်ဆန္ဒရှိရင် ကျွန်တော်တို့ဒီနေ့ပဲ
တရားရုံးသွားကျမလား"

ရှေ့နေဂူခါက တာဝန်ဝတ္တရားအရ တက်ကြွစွာဆို
သော်လည်း ထယ်ယောင်းကခေါင်းထိုးကိုက်ရပြန်
သည်။ တရားရုံးထိ ရှည်ကြောပေကြောသွားရင်
ပြသနာတွေကဒီထက်ပိုကြီးသွားနိုင်ပြီးကြားထဲ
အထိနာဆုံးဖြစ်မှာက သားသား။တစ်သက်လုံး
ထယ်ဂုလေးပေါ်လိမ်ညာမိခဲ့သမျှအကုန်ဘူးပေါ်
သလိုပေါ်တော့မှာ၊အဲ့ကျ...သားသားက ထယ်ယောင်းအပေါ် ဘယ်လိုထင်သွားမလဲ။ဘာမှ
မသိတတ်၊မစဥ်းစားတတ်တဲ့ နှစ်နှစ် ၊သုံးနှစ်သား
ဆိုဟုတ်သေး။ အသက်ခြောက်နှစ် အရွယ်
ဥာဏ်ရည်ပြည့်ပြီး ဘာကိုဆိုလိုတယ်ဆိုတာ
ကောင်းကောင်းနားလည်နေပြီ။ သူက...သား
အဖနှစ်ယောက်ကြား လူဆိုးကြီးဖြစ်သွားမှာလား။

"သူဌေး..."

"ခဏနေဦး...ငါ့အတွက်ကလုပ်ချင်တိုင်းလုပ်လို့မရဘူး..."

ဟိုနေ့ညတုန်းက သားသားကိုဆူမိထားသည်ကြောင့်ထယ်ဂုလေးက အခုထိတောင်စိတ်ကောက်ပြေသေးသည်မဟုတ်။တစ်ကယ် တွေးရခက်လိုက်တာ။လက်ထပ်တုန်းကတော့ လွယ်လွယ်လေးနှစ်
ဦးသဘောတူယူခဲ့ကျတာဆိုပေမဲ့၊ကွာရှင်းဖို့ကျ
သံယောဇဥ်တွေ၊ထောက်ထားစရာ မျက်နှာတွေ
ကြောင့်ဟိုဟာကြည့်ရဒီဟာငဲ့ကွက်ရနဲ့။

Black&White Harmony (Completed)Where stories live. Discover now