Part.55

7.6K 854 42
                                    

မနေ့ကတစ်နေ့လုံး အလုပ်ပုံထဲခေါင်းနှစ်ထားသည်
ကြောင့်ဒီီနေ့တစ်နေ့လုံးထယ်ယောင်းအနားရသည်။ဂျောင်ကုနဲ့သားသားတဖြည်းဖြည်းရင်း
နှီးကျွမ်းဝင်သွားသလိုသူနဲ့လည်းဝေးကွာသွားလို့
မဖြစ်။သားလေးက သူကလွဲဘယ်သူ့ကိုမှပိုမချစ်ရ
ပါဘူး။တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော၊
စမံခုတ်တယ်ပဲဆိုဆို...သူက လူတစ်ဦးတစ်ယောက်ဆီက ချစ်ခြင်းမေတ္တာကိုတစ်ယောက်
တည်းအပိုင်လိုချင်ခဲ့တာ။သူမှသူဆိုပြီးသီသန့်
ဖြစ်နေတဲ့တည်ရှိမူ့လေးပေါ့။ ခက်ခဲကြမ်းတမ်း
တဲ့ကာလတွေအတွင်းသားလေးက ထယ်ယောင်းအတွက်အမှောင်ထဲက အလင်းစက်လေးဖြစ်ခဲ့သည်။ဒီအလင်းတန်းလေးနောက်လိုက်ရင်းဘဝ
ရဲ့အဓိပ္ပါယ်ဘာဆိုတာနားလည်နိုင်ခဲ့၏။

ဂျွန်ဂျောင်ကုနဲ့သူ အတူတူရှိနေခြင်းက အဆင်မ
ပြေလောက်ဟုတွေးထင်မိသော်လည်း တစ်ကယ်
တမ်းကျ ဘောင်ကျော်လာခြင်းမရှိသည်ကြောင့်
အတွေးလွန်ခြင်းတစ်ခုသာ။တစ်ခုပဲ...ထယ်ဂုကို
အရမ်းဂရုစိုက်ပြပြီးသောက်ပိုတွေလုပ်တာ။
ဒီနေ့မနက်လည်း ဂျောင်ကုရုံးမသွားပါဘူးဆို
ပြီးတဂျီဂျီလုပ်နေလို့ထယ်ယောင်းနဲ့တစ်ပွဲနွှဲလိုက်ရသေး။ကလေးဘေးနားတစ်ယောက်ရှိပေးရင်
တော်ပြီလေ။အချိန်တိုင်းနှစ်ယောက်စုံတွဲ ကြီးနေနေရအောင်သူတို့ဆက်ဆံရေးကသာမာန်ထက်
တင်းမာပြီးသား။မရတဲ့အဆုံး....ထယ်ယောင်း
အဖိုးကြီးပေါက်စလို့ပွစိပွစိပြောမှ မသွားချင်
သွားချင်နဲ့ မျက်နှာကြီးသုန်မူန်ကာထွက်သွားတော့
၏။

ဂျောင်ကုရဲ့ဖြစ်တည်မူ့ကထယ်ဂုလေးအတွက်
ဆေးဆိုပေမဲ့ ထယ်ယောင်းအတွက်တော့ဘေး
ပင်။ဒါ့ကြောင့်အဲ့လူကိုဘယ်တော့မှသူနဲ့အတူ
တူမရှိစေချင်။

လိမ်ညာလှည့်စားပြီး သူ့ဘဝကိုအပိုင်းပိုင်းရိုက်
ချိုးခဲ့တဲထိုလူ့မျက်နှာကိုမြင်တိုင်းထယ်ယောင်း
ပူလောင်ရသလို၊သားလေးအနား ဖခင်ကောင်း
တစ်ယောက်ပီပီ တွေ့ရတိုင်းလည်း ထယ်ယောင်းစိတ်မထိန်းနိုင်စွာငိုချင်ပြန်၏။ဒီလူ သူ့ဆီကိုနောက်တစ်ကြိမ်ပြန်ရောက်လာဖို့မျှော်လင့်မထားသလိုနောက်တစ်ခါပြန်ချစ်ဖို့လည်းစိတ်မဝင်စား။ဒီလောက်ထိလိုက်လျှောပေးထားတာလည်း...သားမျက်နှာကြောင့်သာ။
ကွာရှင်းဖို့အထိတွေးထားပေမဲ့ တရားရုံးဘာညာ
သွား၊သားကိုအုပ်ထိန်းခွင့်အပြိုင်အဆိုင်လျှောက်
နဲ့ဒီဒဏ်တွေကိုသားခံနိုင်ပါ့မလား။အခုလိုအခြေအနေလေးပဲကောင်းတယ်။ထယ်ယောင်းလည်းလွတ်လွတ်လပ်လပ်နေနိုင်သလို၊သူလည်းကြိုက်သလိုနေ။ထယ်ဂုလေးရှေ့ရောက်မှသာဟန်ဆောင်ပန်ဆောင်ပူးပေါင်းပေးလိုက်ရုံပဲ။

Black&White Harmony (Completed)Where stories live. Discover now