Part.54

7.4K 866 72
                                    

နားထဲချိုးချိုးချွတ်ချွတ်လှုပ်ရှားသံတွေကြောင့်
ထယ်ယောင်းနိုးလာခဲ့ရသည်။နူးနူးအိအိဖြူလွှ
လွှအိပ်ယာပေါ်လေးမှာနိုးထရတဲ့စည်းစိမ်က
ဘာနဲ့မှမတူ။မပွင့်တပွင့်မျက်လုံးလေးကိုအသာ
လှပ်ကြည့်လိုက်တော့ဟိုနှစ်ယောက်လုံးကုတင်ပေါ်
တွင်မရှိ။အခန်းထဲမနက်ခင်းနေရောင်ဖြဖြလေး
ကထယ်ယောင်းမျက်နှာတစ်ဝက်အားထိုးထား
ပြီးနောက်တစ်ခြမ်းကတော့အမှောင်ရိပ်ထဲမှာ။

သူ့လက်တွေဆန်တန်းပြီးသန်းဝေလိုက်တယ်။
ဂျောင်ကု အိပ်ခဲ့တဲ့နေရာလေးမှာအခုထိယောကျာ်းဆန်တဲ့ရနံတွေရတုန်း။ဒီလူဟာတွေသူ့ဘဝကိုအဆိပ်ခတ်ပြီးမှတစ်ခါတည်းပျောက်သွားပါရော့လား။ဆယ်ကျော်သက်အရွယ်ရူးမိုက်မူ့တွေကအခု
တော့ပြန်စဥ်းစားတိုင်း ရင်နာစရာပုံပြင်တွေပဲ။
ကျယ်လောင်စွာမြည်လာတဲ့နှိုးစက်အသံကြောင့်
ထယ်ယောင်းအတွေးတစ်ချို့မောင်းထုတ်လိုက်
တယ်။အလုပ်သွားဖို့၊သားစားဖို့သောက်ဖို့အစ
သူပြင်ပေးဆင်ပေးရဦးမှာ။

"ပါးပါး...."

အခန်းထဲပြေးဝင်လာတဲ့ထယ်ဂုလေးကအိပ်ယာ
ပေါ်ပြေးတက်ကာ ထယ်ယောင်းပါးအားနမ်းလာ
တယ်။

"မောနင်း...သဲတုံးလေး"

"မောနင်း...ပါးပါး"

"ပါးပါး နိုးလာရင် အောက်ဆင်းလာခဲ့၊အောက်
မှာမနက်စာ ဦးလေးကြီးလုပ်ပေးထားတယ်"

ဒယ်ဒီပါလို့ပြောထားတာတောင်သားက ဂျောင်ကု
ကို အဖေမခေါ်နိုင်သေး။စွဲလမ်းစိတ်က လွယ်လွယ်ဖျက်လို့မှမရတာစိတ်ရှည်ရမှာပေါ့။

"ခဏနော်...ပါးပါး မျက်နှာသစ်လိုက်ဦးမယ်၊
ပါးပါးနဲ့ ရေချိုးခန်းလိုက်ခဲ့မလား..."

ထယ်ဂုလေးကခေါင်းညိမ့်ပြလိုက်တယ်။
သူ့ပါးပါးနဲ့အခုလိုပူးပူးကပ်ကပ်နေရတာကိုသိပ်
ပျော်တာပဲ။ထယ်ဂုလေးစိတ်က ပါးပါးဂရုစိုက်
ပြလိုက်လျှင်အစွမ်းကုန်ပွင့်လာတဲ့ပန်းလေးဖြစ်
ပြီး၊ပါးပါးပစ်ထားရင် တဖန်ညိူးရော်သွားပြန်
သည်။

ထယ်ယောင်းက သားလေးကိုချီရင်း ရေချိုးခန်းထဲ
ဝင်လာခဲ့သည်။ ထို့နောက် basin ကြွေပြားပေါ်သားလေးအားချထားလိုက်ပြီး မျက်နှာသစ်သွား
တိုက်သည်။ဂျောင်ကု ကသွားတိုက်ဆေး၊သွား
ပွတ်တံအစသေချာစီစဥ်ပေးထားသည်။မိသား
စုသုံးသွားပွတ်တံလေးတွေကရောင်စုံ ဆိုဒ်ဆုံ။
အပြာရောင်သွားပွတ်တံလေးကဂျောင်ကုဟာ
ဖြစ်ပုံပေါက်ပြီး၊ထယ်ဂုလေးက အဝါရောင်သွား
ပွတ်တံသေးသေးလေး။အဲ့တော့အနီရောင်လေး
ကထယ်ယောင်းဟာပေါ့ ။သွားပွတ်တံပေါ်က
Mommy ဆိုတဲစာတန်းလေးကြောင့်ဆဲမိတော့
မလို့...

Black&White Harmony (Completed)Where stories live. Discover now