Part.21

6.9K 761 82
                                    

ကလေးရှိပြီဆိုတဲ့အသံကြားရင်ငယ်လေးပျော်လောက်မယ်ထင်ထားတာ။မထင်မှတ်စွာပင်..
မျက်နှာလေးမဲ့သွားပြီးမျက်ရည်ပေါက်ကြီးငယ်ကျလာသောအခါကင်မ်ဂျန်ယောင်းစိတ်ထဲမကောင်းတော့။

"ဘာဖြစ်လို့လဲ...."

အစ်ကိုကြီးက သူ့ဝမ်းနည်းမူ့ကိုမြင်တွေ့သွားပြီး၊
စိတ်ပူပန်စွာမေးလာသောအခါထယ်ယောင်းမျက်
ရည်တွေခပ်မြန်မြန်ပင်သုတ်ပစ်လိုက်၏။

"စိတ်မကောင်းလို့ပါ၊ဗိုက်ထဲက ကလေးလေးကထယ့်ငယ်ငယ်တုန်းကထက်အများကြီးပိုပင်ပန်းမှာကိုတွေးရင်းစိတ်ပူမိလို့"

မျက်လုံးတွေဖိပွတ်ရင်းပြောလာတဲ့...ညီငယ်လေးကြောင့်ကင်မ်ဂျန်ယောင်းသက်ပြင်းသာချမိသည်။
ငယ်ရွယ်လွန်းတဲ့Omegaလေးကသူ့တောင်ပံလေးတွေကိုကောင်းကောင်းဖြန့်ပြီးမပျံသန်းနိုင်မှာခင်
အိမ်ထောင်ကျခဲ့တယ်။သားသမီးဆိုတဲ့ကြိုးလေးပါ
ထပ်ချည်နှောင်ခြင်းခံလိုက်ရတော့ဒီဒုက္ခဘုံထဲကနေ
ထပ်လွတ်မြောက်ဖို့မမြင်တော့။

"မငိုပါနဲ့၊ကိုယ်ဝန်ဆောင်တွေအရမ်းငိုရင်အားနည်းပြီးကလေးထိခိုက်တယ်၊ဗိုက်ထဲက ပုစိလေးက
ကင်မ်အိမ်ရဲ့သွေးသားပဲ၊ငယ်လေးလည်းကိုယ့်အိမ်
ထောင်နဲ့ကိုယ်ဆိုတော့၊ကိုကြီးအဖေ့ကိုတိုင်ပင်ပြီး
အမွေအတွက်ပြင်ဆင်ထားလိုက်မယ်"

ကိုကြီးအမွေခွဲဖို့ပြောလာသည်ကိုထယ်ယောင်းအံသြမနေ။ထယ်ယောင်း အသက်အရွယ်တစ်ခု
ရောက်သည်နှင့်အမွေခွဲပေးဖို့အစကတည်းက ကိုကြီးကစီစဥ်ပြီးသား။Omegaတစ်ယောက်က ကိုယ့်
ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရင်..အသန်မာ
ဆုံးဖြစ်ပြီးဘယ်နေရာရောက်ရောက်ခေါင်းမော့ရင်
ကော့နေနိုင်တယ်တဲ့။ကိုယ်ဖြစ်တည်မူ့ကိုလေးစား
ပြီးကြိုးစားရုန်းကန်နိုင်တဲ့Omegaတွေကကောင်း
ကင်ပေါ်ကငွေကြယ်ပွင့်တွေထက်တောင်ပိုထွန်းလင်းလှပနိုင်ပါသေးတယ်။Alphaတစ်ယောက်
ဒါမှမဟုတ်တစ်စုံတစ်ခုကိုအားကိုယုံကြည်မူ့ပြုထား
တဲ့Omegaတွေက ထိန်းချုပ်မူ့အောက်ရောက်သွား
ပြီး bondတစ်ခုကိုဆက်လက်ထိန်းသိမ်ထားနိုင်ဖို့
ကြိုးစားရင်းနဲ့ပဲအချိန်ကုန်ဆုံးလေ့ရှိတယ်။

Black&White Harmony (Completed)Where stories live. Discover now