ခြံဝန်းခပ်ကျယ်ကျယ်မှာ အတန်ငယ် ကြီးမားလှသည့် နှစ်ထပ်တိုက်အိမ် အဖြူရောင် ကြီးက ရွာဆိုပေမယ့် အတော်လေး အဆင်ပြေကြောင်းကို ပြသနေသယောင်..။
ထိုအိမ်ကြီးရဲ့ရှေ့တွင်တော့ တိုက်ခန်းပုံစံ အခန်းလေး သီးသန့်ထုတ် ထား ကာ ပစ္စည်းတွေ အစုံအလင်ဖြင့် အလှကုန် စားသောက်ကုန် မှအစ အားလုံး ရ လောက်သည့် ကုန်စုံဆိုင်လေး လည်း ရှိသည်။
ရတု သေချာ လှည့်ပတ် ကြည့်မိနေတုန်းမှာပဲ အိမ်ထဲက အဖြူရောင်အရိပ်လေးပြေးထွက်လာပြီး...
"ဖေဖေ့..."
အသံစူးစူးလေးဖြင့် ခေါ်ပြီး စျာန် ဆိုသည့်လူ အပေါ်ခုန်တက်သွားသည့် လေးနှစ်အရွယ် ကလေးလေး တစ်ဦး။
တွေ့ရပါပြီ သူ့ ရဲ့ တစ်ခုတည်းသော ဆက်နွယ်ရာ ကြိုးလေး...မျက်ဝန်းလေးတွေ က အစ ပြုံးနေတာလေးက အမြဲ အပြုံးချိုချိုလေးဖြင့် ရှိနေတတ်သည့် ညီမလေးနဲ့ တူသည် ။ သူ့ အဖေ လို အသားမညိုဘဲ ဖြူဖြူဖွေးဖွေးလေး ဖြစ်နေသည်မှာလည်း ညီမလေး နဲ့ တူလို့သာဖြစ်မည် ။ ကြည့်နေရင်း ညီမလေး ကို မြင်ယောင်လာပြီး နင့်နင့်နဲနဲ သတိရလာတာကြောင့် ရတု မျက်ရည် ဝဲ မိတော့ ထိုကလေး လေး မှ သွားလေးတွေပေါ်အောင် လှည့် ပြုံးပြလာသည်...။
ထို့နောက် မပီကလာ ပီကလာ အသံလေးဖြင့်...
"ဦးဦး...ဦးဦး က ဖေဖေ ပြောပြထားတဲ့ သားသားရဲ့ဦးဦး လား ဗျ..."
ညီမလေး ကို မတွေ့နိူင်တော့ပေမယ့် အလွမ်းပြေ ညီမလေးရဲ့သွေးသား ညီမလေးရဲ့ကိုယ်ပွားလေး ကို တွေ့ခွင့်ရနိူင်သေးသည်ဟု ရတု ဖြေသိမ့်လိုက်ကာ တဖက်လှည့်၍ မျက်ရည်ခိုးသုတ်လိုက်သည်...ပြီးမှ ထိုကလေးလေးဆီ နွေးထွေးစွာပြန်ပြုံးပြလိုက်ပြီး...
"ဟုတ်ပါတယ်ဗျ... ဦးဦးက ဒီက သားသားရဲ့ ဦးဦး မင်းရတုမောင် လို့ခေါ်ပါတယ် ... သားသားနာမည်ကရော...ဘယ်လိုခေါ်ပါလဲ ခင်ဗျ"
"သားသား နာမည် က လင်းသုတစျာန် ပါခဗျ အိမ်နာမည်က လုံးလုံး လို့ခေါ်ပါတယ်ဗျ... တွေ့ရတာ အများကြီး ဝမ်းသာပါတယ် ဦးဦး..."
လင်းသုတစျာန် က အိမ်နာမည် လုံးလုံး ဆိုသည့် နာမည်လေး နဲ့ လိုက်ဖက်စွာ ခန္ဓာကိုယ် လုံးလုံးကစ်ကစ်လေးဖြင့် နဖူးပေါ်သို့ ဆံပင်အုပ်အုပ်လေးချထားသည်မှာလည်း အတော်လေးချစ်စရာကောင်းလွန်းလှသည်။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...