Episode 29U

9.9K 438 9
                                    

⚠Warning ⚠ 18+ ဆန်တဲ့ အသုံးနှုန်းတွေပါဝင်နိုင်တာကြောင့် အဆင်ပြေမှဖတ်ရှု့ပေးပါ..။

..............................

ကုတင်ပေါ်မှာ မျက်လုံးတွေ ကို မှိတ်ကာ ခန္ဓာကိုယ်တစောင်း လှဲနေသည့် အနားလေး ကို စျာန် လျှောက်သွားလိုက်သည်။ ပြီးနောက် စိုးရိမ်စွာ အသာထွေးပွေ့လိုက်တော့ ကိုယ်လေး အနည်းငယ် လူးလွန့်လာပြီး အခြားသူအမှတ်နှင့် အနားသို့ကပ်မှာစိုးသည့်အလား... ရင်ဘတ်ဆီ သို့ လက်ဖြင့်ထောက်ထားသည်။ အား တော့ သိပ်မပါလှ...။

"အကို..."

တိုးညှင်းစွာ ခေါ်လိုက်တော့ မျက်လုံးတွေ ကို အားယူကာ ဖွင့်လာပြီး ငိုချတော့မလို မျက်နှာလေးဖြင့် ကြည့်လာကာ...

"စျာန်...စျာန် လား ဟင်...မင်း ရောက်လာတာလား..."

"အင်း...ကျွန်တော်ပါ...ကျွန်တော် တကယ်ရောက်လာတာ...အကို မစိုးရိမ်နဲ့ တော့နော်...ဘာမှမဖြစ်တော့ဘူး"

စျာန် ပြောရင်းဖြင့် နဖူးလေးထက် သို့ ဖိနမ်းလိုက်သည်...။

"စျာန်...ကိုယ် တောင်းပန်ပါတယ်"

"ဘာအတွက်လဲ...အကိုရဲ့"

"မင်းပြောတာတွေကို မယုံခဲ့မိလို့ လက်မခံခဲ့မိလို့ ၊ ကိုယ် သူ့ကို အရမ်းယုံကြည်ခဲ့မိတယ် စျာန်...ပြီးတော့ သနားခဲ့မိတာ... ဟင့်"

ရတုက ပြောရင်းဖြင့် ရှိုက်ကြီးတငင် ငိုချပစ်သည်...။ သူ ​ယုံကြည်ထားသည့် လူက သူ့အပေါ်ကို ယခုလိုပြုမူ ရက်သည့်အတွက် အရမ်းကိုဝမ်းနည်းနေမှာ အမှန်ပင်။ စျာန် နားလည်စွာ ပါးပြင်လေးဆီ ဖွဖွ ပွတ်လိုက်ရင်း...

"ဟုတ်ပြီ...ကျွန်တော် နားလည်တယ်...အကို မငိုနဲ့တော့နော် ... ပြီးတော့ ကျွန်တော့်ကိုလည်းတောင်းပန်စရာမလိုဘူး..."

"စျာန်..."

"အင်း...ကျွန်တော် ရှိတယ်...ပြော"

"ကိုယ် နဲ့ သူနဲ့ ဘာမှမဖြစ်ကြသေးဘူး ... မင်းတစ်မျိုးမထင်ပါနဲ့နော် ကိုယ်လေ.."

စျာန် က စကားတွေကို ဆက်ခွင့် မပေးဘဲ နူတ်ခမ်းတွေဆီ သို့ အနမ်းဖြင့် တားလိုက်မိသည်။

ရတုများအဆက်ဆက်ထိWhere stories live. Discover now