စျာန် အပေါ်ထပ် သို့ အရောက် အခန်းတံခါးက ပွင့်သည်။ အခန်းထဲ ကို တန်းပြီး ဝင်ချသွားဖို့ အတွက် ကလည်း ဒီအခန်းထဲမှာက အခုမှ ရောက်လာသည့် သူစိမ်းတစ်ယောက် ရှိနေတာကြောင့် စိတ်ကမရဲပေ ... ထို့ကြောင့်ပင် အခန်းအဝ နားကနေ အသာအယာ ပဲ ခေါင်းပြူကြည့်လိုက်ကာ ..
"ဒေါက်တာ ... ဒေါက်တာ"
သူ ခေါ်နေပေမယ့်လည်း အချိန်တော် ကြာသည် အထိ... တုန့်ပြန်သံမကြားရပေ...။နောက်ဆုံး စိတ်မရှည်တော့ ၍ အခန်းထဲအထိ ဝင်ချ သွားလိုက်ပြီး ... လှည့်ပတ် ကြည့်မိလိုက်တော့လည်း အခန်းထဲ မှာ ဘယ်သူမှ ရှိမနေပါ။
"ဒီလူ ဘယ်များ ရောက်သွားတာလဲ..."
စျာန် ခပ်တိုးတိုး ရေရွတ်နေတုန်း မှာပဲ ... သူ့အနောက်ဘက် ရေချိုးခန်း ဆီက တံခါးဖွင့်သံ ကြားလိုက်ရသည် ။ ထို့ကြောင့် အနောက်သို့ လှည့် ၍ ကြည့်မိလိုက်တော့ ... ချက်ချင်းနေရာမှာပဲ ကြက်သေ သေမိသွားရ၏...။
အကို ... အကိုများလား ... သတိရလွန်း တဲ့စိတ်တွေ နဲ့ သူ အမြင် မှားမိနေတာလား...။ စျာန် မျက်လုံးတွေ ကို လက်ဖြင့် သေချာပွတ်လိုက်ပြီး ပြန် ကြည့်မိလိုက်တော့လည်း မြင်ကွင်း က မပြောင်းလဲသွားပေ...။
အကို က အခုမှ မျက်နှာသစ်ပြီး ထွက်လာသည့် ပုံလေးဖြင့် ဆံပင် အဖျားလေးတွေမှာ ရေစက်လက် ဖြင့် ရှိနေသည်။ ဝတ်ထားသည့် ဒူးအထက် ဘောင်းဘီတိုလေး နဲ့ Over size တီရှပ် အပွလေးကလည်း ဟိုးအရင် အိမ်မှာနေသည့် အချိန် တွေဆို အကို ဝတ်နေကျ ပုံစံအတိုင်းပင်....။ ပြီးတော့ ထိုအရာတွေထပ် ပိုပြီး သေချာသည်က သူ့ကို ပြန်ကြည့်နေသည့် အံ့သြနေသည့် မျက်ဝန်းလေးတွေ...။
တခါလောက်တော့ တွေ့ချင်မိပါသေးသည် ဆိုပြီး အကြိမ်ကြိမ် ဆုတောင်း နေခဲ့ရသမျှ ပြန်ဆုံရတော့လည်း အခုလို ရုတ်တရက် ကြီးတဲ့လား...။စိတ်ထဲမှာ ချက်ချင်းပင် ဖြစ်တည်သွားရသည့် ပျော်ရွှင်မူ့ စိတ်လှုပ်ရှား မူ့တို့ကြောင့် လူက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ...။
ရတု သည်လည်း အစက အန်တီမေ တို့ ခင်ထူးတို့ နှင့်အတူ တိုင်ပင်ထားသည်က စျာန် ရှိနေသည့် လယ်ထဲက အိမ် ကို မသိမသာ ဖြင့် လိုက်သွားပြီး ဒီကောင်လေး ကို ရုတ်တရက် ပျော်သွားအောင် လုပ်ဖို့ပင်။ အခုလို ရုတ်တရက်ကြီး စျာန် က ရောက်ချလာတာကြောင့် လူက ဘာပြောလို့ပြောရမှန်းမသိ...။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...