Episode 36Z

57 2 0
                                    

ခြံရှေ့က အဆက်မပြတ် တီးနေသည့် လူ ခေါ် ဘဲလ် သံကြောင့် ခြံစောင့် မောင်မဲလုံး အပြေးအလွှား သွားလိုက်မိရာ...။ လူလတ်ပိုင်းအရွယ် လူတယောက် ရပ်နေသည်။

ထိုလူရွယ် က ဂျင်းဘောင်းဘီရှည် နဲ့ တီရှပ် တစ်ထည်ကိုပေါ့ပေါ့ပါးပါး ဝတ်ထားပြီး ကျောပိုးအိတ် တစ်လုံးကို ပခုံးတစ်ဖက်မှာဖြစ်သလို လွယ်ထားပေမယ့် မြင့်မားသည့် အရပ်အမောင်း နှင့် ကျစ်လစ်သော ခန္ဓာကိုယ် ကြောင့် အတော်လေး ကြည့်ကောင်းလှသည်။ သို့သော်လည်း မျက်ခုံးထူထူတွေ ကို စုကြုံ့ ထားသည် က ထိုလူရွယ်ကို ခက်ထန်သည့် ပုံပေါ်နေတာကြောင့် အနည်းငယ်တောင် လန့်ချင်မိသည် ...။

"ဟို... ဒီက ညီလေးက ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူး"

"ဒေါ်သီရိနွယ် နဲ့ တွေ့ချင်တယ်...ကျွန်တော့်သားကို ပြန်လာခေါ်တာ လို့ ပြောပေး.."

မျက်နှာကတင် တည်တင်းတာ မဟုတ်ဘဲ စကားသံက ပါ ခပ်ပြတ်ပြတ်ထွက်လာသည်ကြောင့်...။

"ဟုတ်ကဲ့... နာမည် က..ဘယ်သူလို့ပြောလိုက်ရမလဲ မသိဘူး.."

"ဈာန်ထူး... ကန်သာယာ ရွာက ဈာန်ထူး လို့ ပြောလိုက်ရင်ရပြီ"

"သြော်...ဟုတ်ကဲ့ပါ ခဏလေး စောင့်ပါနော်"

ဈာန့် ကို မေးမြန်းအပြီး ခြံစောင့် ဖြစ်ပုံရသည့် လူက ခပ်သုတ်သုတ်ဖြင့် ပြန်ဝင်သွားသည်...။

ဒီကနေ့နဲ့ ဆို ရတုနှင့်သား ရန်ကုန် ကို ပြန်သွားတာ တစ်ပတ်ကျော်ပြီဖြစ်သည် ။ ၅ရက်ဆိုပြီး အချိန်ပေးလိုက်ပေမယ့်လည်း တစ်ပတ်ကြာသည်အထိ ပြန်မလာခဲ့ပါ။ သူ အမြဲတမ်း ဖုန်းဆက်နေပေမယ့်လည်း ဖုန်းကိုစက်ပိတ်ထားတာ နှင့်သာ တိုးပြီး ဆက်သွယ်၍ မရခဲ့ပေ...။

ဒီကနေ့မနက် မှ မိမိဖုန်း ကို ရတု ဖုန်းနံပါတ် ဖြင့် ဖုန်း ပြန်ဆက်လာသည် ။ ထိုသည်က သူမျှော်လင့် နေသည့် ရတု ကိုယ်တိုင် မဟုတ်ဘဲ ဒေါ်သီရိနွယ် ဆီကသာဖြစ်သည်။ သူမ ပြောသွားတဲ့ အကြောင်းအရာ အရ သားကို သူမ တို့ဘက်က တစ်လှည့် စောင့်ရှောက်ခွင့်ကို တောင်းဆိုလာ၏...၊ လက်မခံနိုင်ပါ က သူမတို့နှင့် အပြိုင် တရားခွင် မှာ တွေ့ဆုံ၍ ပြောဆိုနိုင်သည်တဲ့...၊

ရတုများအဆက်ဆက်ထိWhere stories live. Discover now