"အကို...ဖုန်းလာနေတယ်..."
"ဘယ်သူတဲ့လဲ စျာန်"
"နာမည် မမှတ်ထားဘူး... နံပါတ်အစိမ်းနဲ့"
"အင်း... ဆေးရုံကဖြစ်မယ် ခဏလောက်ကိုင်ပြီး ... ပြောထားလိုက်ပါဦး... ကိုယ် ဒီမှာပြီးတော့မယ်နော်..."
ရတု ရေချိုးခန်းထဲကနေ ရေချိုးရင်း လှမ်းအော်ပြောလိုက်သည်။
"ဟယ်လို..."
"ရတု ... သား အမေ နေမကောင်းဘူး တော်တော်လေး ကို အခြေအနေ ဆိုးနေတာ..."
"ဟိုလေ..."
သားအမေ နေမကောင်းဘူးဆိုသည့် စကားကြောင့် ရတု အိမ်က ဆိုတာ စျာန် ရိပ်မိလိုက်ပြီး ချက်ချင်း ဖုန်းချလိုက်ဖို့ ပြင်လိုက်မိပေမယ့် ရိုင်းသလို ဖြစ်သွားမှာစိုးတာကြောင့် အတတ်နိုင်ဆုံး ပြန်ပြောဖို့ ရည်ရွယ်လိုက်သည်။ တစ်ဖက်က ဘယ်သူမှန်းမသိပေမယ့် အလျှင်လိုနေပုံရပြီး...
"မင်း အမြန် ပြန်လာမှ ရမယ် ရတု... ပြီးတော့ သား ကတိပေးခဲ့တဲ့အတိုင်း အဲ့ရွာကိုသွားပြီး ဖေဖေတို့ရဲ့ မြေးလေးကို ဖေဖေတို့ဆီ ရောက်အောင်ခေါ်ခဲ့ပေးမယ်ဆိုတာ အခု အခြေအနေ ဘယ်လို ရှိပြီလဲဟင် ... ၊ အခု မင်း မေမေ နေမကောင်းတာ အဲ့ဒီ စိတ်တွေရောပါတယ်...အဲ့တာကြောင့် မင်းပြန်လာရင် မြေးလေးကိုပါ အပါ ခေါ်ခဲ့ပေးပါ ကြားလား... ဟယ်လို ... နားထောင်နေလား သား..."
ဈာန် ဖုန်းကို ကိုင်ထားရင်း နေရာမှာပဲ မင်သက် သွားမိသည်။ ဒီလောက်ဆိုရင် တစ်ဖက်က ဖုန်းခေါ်တာ ဘယ်သူလဲ ဆိုတာ သူမေးနေစရာတောင်မလိုပင်။ အတော်ကြာသည် အထိ မိမိ ဘက် စကားပြန်မပြောတာကြောင့် တဖက်က ဖုန်းပြန်ချသွားသည်။
အကို က သူတို့ဆီ က သားကို ခေါ်ထုတ်သွားဖို့အတွက် ဒီကို ရောက်လာခဲ့တာလား...ယခုလို အကြံအစည် မျိုးနှင့် မိမိ တို့အိမ်ကို ရောက်လာခဲ့သည်လား...။ စျာန် တွေးလိုက်မိတော့ စိတ်မကောင်းခြင်း တို့က ရင်ထဲကိုအလုံးအရင်းဖြင့် ဝင်ရောက်လာရသည်...။ ဒီလိုဆိုရင် အကို ဒီကို ရောက်လာခါ စ အချိန်က သူ တွေးမိလိုက်သည့် အတွေးတွေ ကအမှန်တွေပဲပေါ့ ...။
ရတု ရေချိုးခန်းထဲ က ထွက်လာတော့ စျာန်က မိမိ ဖုန်းကို ကိုင်၍ နေရာမှာပဲ ခပ်တောင့်တောင့် ကြီးဖြင့် ရပ်နေရာ...
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...