Episode 12Z

23 1 0
                                    

"ငါ့ ဂစ်တာက လယ်ထဲက အိမ်မှာကွ.. အဲ့အထိလည်း သွားမယူချင်တော့ဘူး...၊ ဇွဲမင်း မင်းအိမ်ကဟာပဲ ပြန်ယူလိုက် ဟုတ်ပြီလား..."

"ရတယ် မင်း..အဆင်ပြေသလိုသာလုပ်"

ထို့နောက်မှာတော့ ဈာန်က တစ်ခုခုစဉ်းစားမိလိုက်သလို ဦးမိုး ဘက်ကို လှည့်ကာ..

"သြော်.. ဦးမိုး ပြဿနာတစ်ခုခုဖြစ်မယ့် အရိပ်ယောင်မြင်တာနဲ့ တန်းလစ်မှာနော် အဲ့တာတော့ ကတိပေး"

"အေးပါကွာ...အေးပါ မင်းပြန်ချင်တဲ့အခါ အတူတူ ပြန်ကြမယ် အဓိက က ငါသူ့ကိုပြောလိုက်တဲ့စကားတည်တယ်ဆိုတာ သူသိရင်ရပြီ"

"ပြီးတာပဲ...ဒါဆို လစ်မယ်"

ဒီလိုနဲ့ပဲ ဇွဲမင်းအိမ်က ဂစ်တာကိုပြန်ယူပြီး ဦးမှတ်ကြီးရဲ့အိမ်ရှေ့ သို့ အုပ်လိုက်ကြီးချီတက်ခဲ့ကြသည် ။ ရွာထဲလမ်းတစ်လျှောက်သွားလာနေကြသည့် လူအချို့ရှိသေးသည်မို့ သူတို့ကိုမြင်တော့ နူတ်ဆက်ကြရုံ က လွဲပြီးဘယ်သူမှတော့ မမေးကြပေ ။ ရတု လည်း သူတို့အတင်းခေါ်နေတာက တစ်ကြောင်း ဈာန်နဲ့အတူထွက်လာပြီးမှ တစ်ယောက်တည်း အရင်မပြန်ချင်တာ က တစ်ကြောင်း မို့ သူတို့အဖွဲ့ နဲ့ ပဲလိုက်ခဲ့လိုက်တော့သည်။

ပြဿနာ တခုတစုံ ဖြစ်မယ့်အနေ ထားဖြစ်လာပါက ချက်ချင်းထပြန်မယ် ဆိုတဲ့ကတိကို ဈာန်က ဦးမိုးဆီကတောင်းထား၍ စိတ်ချမိတာလည်း ပါသည်။

အဆင်သင့်စွာ ပင် ဦးမှတ်ကြီး အိမ်ရှေ့ မကျ ခက်နွယ်တို့အိမ်ရှေ့လည်းမကျ နေရာတွင် သစ်ပင်ကြီးကို ဝိုင်းပတ်ထား တဲ့ ခုံတန်းလျားလေးရှိနေသည်။သူတို့အုပ်စု ထိုနေရာလေးတွင် ကိုယ်စီ နေရာယူလိုက်ကြ ပြီး ဦးမိုးက မရွှေခင်ဆီ ဖုန်းဆက်လိုက်ရာ မွေးနေ့ရှင် က အခန်းမီးလေးဖွင့်လာပြီး ပြတင်းပေါက်နားလာရပ်သည်။ အိမ်အတွင်းက မီးတွေအကုန်နီးပါးပိတ်ထားတာကြောင့် မရွှေခင် က သူမ ရှိနေသည် ဆိုတဲ့အကြောင်း ဖုန်းမီးလေးဖွင့်၍ ထောင်ပြကာ နူတ်ဆက်သည်။

ချစ်စခင်စကြင်နာစဆိုတော့ ဦးမိုး က ဖုန်းပြောလို့အပြီး မှိုရနေသည့် မျက်နှာကြီး နဲ့ ပြုံးဖြီးဖြီးပေ မို့...ဈာန် က အမြင်ကပ်စွာ....

ရတုများအဆက်ဆက်ထိWhere stories live. Discover now