အချစ်ကတန်ခိုးရှိတယ်ခင်ဗျား ရဲ့ မင်းနဲ့မှမဟုတ်ရင် ရှေ့ မဆက်ချင်ဘူး မင်းမှမဟုတ်ရင် ဘယ် ရင်ငွေ့ မှ မခိုလှုံချင်ဘူး ... ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံ က မင်းပဲဖြစ်ကြောင်း ကို လည်း ပြောပြချင်တယ်... ချစ်မိပြီဆိုရင် ပျော်နေရလည်း မင်း နဲ့ ပဲ ဝမ်းနည်းနေရရင်တောင် မင်း အနားမှာပဲ ပြိုလဲချင်တာ ...
...........................
အနည်းငယ် မှားချင်နေသည့် ခြေလှမ်းတွေကို အိမ်နားရောက်လာတာကြောင့် ဟန်မပျက်အောင် အသာ ထိန်းကာ ခြံတံခါးကို ဖွင့်ဝင်ခဲ့လိုက်သည်။ အိမ်ထဲကိုအရောက်မှာတော့ မျက်လုံးဝေ့ ပြီး တချက်ကြည့်လိုက်ပြီး အမေရှိမနေ၍ တော်သေးသည်ဟု တွေးလိုက်မိကာအနည်းငယ်တော့ စိတ်အေးသွားမိသည်...။
ဒီနေ့ နဲ့ပါဆိုလျှင် မင်းရတုမောင် ည ဂျူတီကနေ နေ့ဂျူတီကို ပြောင်းထားတာ ၃ရက်လောက်ရှိနေပြီ ဖြစ်သည်။ လက်က နာရီကို တချက် ကြည့်လိုက်တော့ ည၇နာရီထိုးနေပြီ ဖြစ်ရာ ဒီအချိန်လောက်ဆို အိမ်ပြန်ရောက်နေလောက်ပြီ ဟု အပိုင် တွက်လိုက်ပြီး အပေါ်ထပ် ကိုသာ တန်း၍ တက်ခဲ့လိုက်သည်။
ထိုလူ နဲ့ သူ နဲ့ ...တစ်ယောက် တစ်ခွန်း စကားများပြီး ကတည်းက မျက်နှာချင်း မဆိုင်တာ ၃ရက်လောက် ရှိ ပြီဖြစ်ရာ... ယခုလို စကားသွားပြောရမှာ ကို စိတ်ထဲမှာတော့ အတော်လေးလှုပ်ရှားနေမိသည်... ဒေါသတကြီး ပဲ သူ့ကို အော်လွှတ်လိုက်လေမလား ... ဒါမှမဟုတ် ဘယ်လို အရူးစကားတွေ လာ ပြောနေတာလဲ ဆိုပြီးတော့ ပဲ ဟားတိုက် ရယ်လေ မလားမပြောတတ်ပေ...။
ရဲဆေးတင်ထားတဲ့အရှိန် ကြောင့်တော့ လူက အတော်လေးမူးကာ စိတ်က ရဲတင်းနေပြီဖြစ်သည်။ ထို့ကြောင့်ပဲ နောက်ပြန်လှည့်လိုက်ဖို့တော့ အစီအစဥ် မရှိတော့ဘဲ လက်တွေက တံခါးဆီသို့ အလိုလိုရောက်သွားမိသည်..
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romantizmအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...