Episode 1Z

715 4 0
                                    

သတိပေးချက်....

ဒီဇာတ်လမ်းလေးက Seme နေရာက ဇာတ်ကောင် က Uke ရဲ့ ညီမလေး နဲ့ အရင် အိမ်ထောင်ကျပြီး ထိုမိန်းကလေး သေဆုံးသွားတော့ မှ Uke နဲ့ ဆုံမိကြပြီး အကြောင်း အမျိုးမျိုးကြောင့် ရည်ငံသွားကြမယ့် ဇာတ်လမ်းပုံစံလေးပါ...

ထိုသို့သော ပတ်သက်မူ့ မျိုးလေး ကို ဖတ်တဲ့သူလေးအနေနဲ့ လက်ခံဖို့အဆင်မပြေရင် ဆက်မဖတ်ဖို့အတွက် ကြိုတင် သတိပေးလိုပါတယ် ရှင့်...

.......................................။

ရွာအဝင်လမ်းတလျှောက် ရှိ စိမ်းစို အုံ့ဆိုင်းနေသည့် အပင်ကြီး အပင်ငယ် များနှင့်အတူ လေနဲ့အပြိုင် ယိမ်းနွဲ့နေတဲ့ စပါးပင်တွေ က ပြာလဲ့လဲ့ ကောင်းကင်ကြီးအောက်မှာ ပန်းချီကားတစ်ချပ် ပမာလှပလျှက် ရှိနေ၏။

သဘာဝ အလျှောက် ပျံသန်းနေကြသည့် ငှက်အပေါင်းတို့မှာလည်း ထိုသို့သော မြင်ကွင်းအလှအပ လေးကို ပိုပြီး အားဖြည့်နေသယောင်...မြင်ရသူအဖို့မှာ စိတ် ဘဝင် ကို အမှန်ပင် အေးချမ်းစေနိုင်သည်။

အရှေ့ကထွေလာဂျီ မောင်းရင်း အသံပါဝါ အားကောင်းကောင်းဖြင့် သီချင်းအော်ဆိုနေသည့် လူပျိုကြီးဦးမိုး..တဖြစ်လည်း ရွာ၏ ကာလသားခေါင်း ဖြစ်သည့် ဦးမိုး ရဲ့ အသံ ရယ် ထပ်ကာ ပေါင်းစပ်လိုက်လေ တော့ ရွာဓလေ့ရဲ့ အနှစ် အရသာ က ပိုမိုကာ ပြည့်စုံသွားသလို ပင်။

!ရွာကျောင်းကို.... ပြေးမြင်မိတယ်...

!သတိရနေတယ်... သူငယ်ချင်းရေ....

!တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းစီ ကနေ လက်ချင်းယှက်ကာ ပြေးကာ လွှားကာ ကျောင်းတက် လာကြတာတွေ...

!မေ့နိုင်ပါ့မလား...မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလေ....."

စပါးပင် တွေကို ဖြတ်သန်းပြီး တိုက်ခတ်လာသည့် လတ်ဆတ် အေးမြလွန်းတဲ့ လေ ကို အဆုတ်ထဲထိ ရောက်အောင် အဝ ရှိုက်သွင်းပစ်လိုက်ပြီး မင်းရတုမောင်နူတ်ခမ်းထက်မှာကျေနပ်ခြင်း အပြုံး တို့ဖြစ်တည်သွားရ၏။

ဒီလို သဘာဝကပေး တဲ့ လတ်လတ်ဆတ်ဆတ် လေ ဆိုတာ မြို့ကြီးပြကြီးတွေမှာ မရခဲ့တာကြာပြီမို့ သူ သဘောကျ နေမိတာအမှန်...

ရတုများအဆက်ဆက်ထိWhere stories live. Discover now