Episode 16Z

39 1 0
                                    

"ဦးလေး ဘယ်လို နေသေးလဲဗျ"

"ဟုတ်ကဲ့ မူးတာကတော့ သက်သာသွားပေမယ့်လူကတော့ သိပ်မလန်းချင်သေးဘူး ဆရာလေးရယ်"

"နောက်ဆိုရင် အစားအသောက် ဆင်ခြင်ပါဗျာ ကိုယ်နဲ့မတည့်တာတွေကို မစားတာအကောင်းဆုံးပါပဲ... "

ဦးဖိုးသန်း က ဆီးချိုနဲ့သွေးတိုးရောဂါအခံရှိသူမို့ အလှူအိမ်ကနေ ဒံပေါက်စားခဲ့ပြီး အိမ်မှာတစ်ယောက်တည်း မူးလဲနေတာဖြစ်သည်။ဤသည်ကို တခြားလူက မြင်ပြီး ဆေးရုံကို အချိန်မှီလာပို့သွား၍ သာ ဒုက္ခမရောက်ရခြင်းဖြစ်သည်...။

"ဟုတ်ကဲ့ပါ ဆရာလေးရယ် နောက်တစ်ခါဆိုတာလည်း မရှိတော့ပါဘူး ....အခုတစ်ကြိမ်နဲ့တင် ကျွန်တော်လည်း အတော်လေး ကို လန့်သွားပါတယ်... အိမ်ကို သားဈာန် လာ တာနဲ့တိုးသွားလို့သာပေါ့..."

ဈာန့် နာမည်ကြားလိုက်သည်နှင့် ဆယ်ကျော်သက် အရွယ်လေးလို ပင် ဟန်မဆောင်နိုင်ဘဲ တန်းပြီးစိတ်လှုပ်ရှား သွားမိကာ...

"ဦးလေး ကို... ဆေးရုံလာပို့သွားတာ ဈာန် လားဟင်..."

"ဟုတ်တယ် ဆရာလေး... ဈာန်ထူး လေးက အခုတလော သမီးဆီကို အမြဲလာလည်တယ် အခုလည်း ဒီိကလေး သမီးဆီကို လာတုန်း ဦးလေး မူးလဲနေတာကိုမြင်တာ...ပြီးတော့ သူပဲဆေးရုံ လာ ပို့ပေးပြီး အလုပ် မအားတာနဲ့ တန်းပြန်သွားတာကွဲ့..."

ဦးဖိုးသန်း ထပ်ပြောလာသည့် စကားကြောင့် ရင်ထဲမှာ စိတ်မကောင်းရခြင်းတို့က ထပ်ပြီး ကြီးစိုးသွားရသည်...မမေးလိုက်မိရင်လည်း အကောင်းသားပင်...။အမှန်တကယ်တော့ အလုပ်မအား လို့ ချက်ချင်းပြန်သွားတာမဟုတ်ဘဲ မိမိနဲ့မဆုံချင်၍သာ တန်း ပြန်သွားတာမှန်း ကိုယ်တိုင်သာ သိနိုင်သည် ။

ငါ့အပေါ်ကို ဒီလောက်တောင်ပဲလား ဈာန်...။

................................
..........................................။

တချိန်ချိန်မှာ ကိုယ်ချစ်ရတဲ့ လူ က ဘယ်လိုပုံစံနဲ့ ကိုယ့် အနား ကို ရောက်လာမလဲ ဘယ်နေရာမှာ စပြီးတော့ ဆုံတွေ့ရမှာလဲ...၊ ဒါကို အမြဲစိတ်ကူးယဉ်ကြည့် ခဲ့ ဖူးပေမယ့် တကယ်တမ်း ဆုံလာရချိန်မှာတော့ ကိုယ့်ကို လက်မခံနိုင်တဲ့ လူ တစ်ယောက်အဖြစ်သာ...။

ရတုများအဆက်ဆက်ထိWhere stories live. Discover now