"ဆရာလေး ဘယ် လာတာလဲ..."
"ဒီကိုပဲ လာတာ အဒေါ် ကောက်ညှင်းထုတ်ဝယ်ချင်လို့"
ဒေါ်ဘုတ်ဆုံဆိုင် က ကောက်ညှင်းထုတ်တွေက ရွာထဲမှာ နာမည်ကြီး ပင် နာမည် ကြီးနေ သည့်အတိုင်း တကယ်လည်း စားကောင်းသည်မို့ ရတု တစ်ခါတလေ ဆေးရုံကနေ အခုလို လာဝယ် စားတတ်၏။
"အမလေး...ဝယ်စရာမလိုပါဘူး ဆရာလေးရယ် ကျွန်မ က အလကားကျွေးမှာပါ လာ... လာ"
ဒေါ်ဘုတ်ဆုံ က သူ လာဝယ်တိုင်းလိုလို အပိုပေးရင်ပေး မပေးရင် အလကား နီးနီး ထည့်ပေးနေကျမို့ ရတု အားနာ မိသွားရသည် သူမတို့သည်လည်း ဒါလေးရောင်းမှ အဆင်ပြေကြတာဆိုတာ မြင်တွေ့နေရသည်မို့ သူ လက်မခံချင်ပါ...
"အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ အဒေါ် ပိုက်ဆံမယူရင်တော့... ကျွန်တော် မစားတော့ဘူး..."
ရတု ထိုသို့ ဒေါ်ဘုတ်ဆုံ က သွားတွေ ပေါ်အောင် ပြုံးလိုက်ကာ...
"ယူဆိုလည်း ယူ ပါ့မယ် ဆရာလေးရယ် မစားဘဲ နဲ့တော့ မပြန်ပါနဲ့ ဟုတ်ပြီလား"
"ဟုတ်ကဲ့ အဲ့တာဆို ဝက်သားကောက်ညှင်းထုတ်ချည်း ပဲ ၅ ထောင်ဖိုးလောက်ထည့်ပေးပါ အဒေါ် ဆေးရုံ က အခြား ဝန်ထမ်းတွေဖို့ရော..."
"ဟုတ်ကဲ့.. ဟုတ်ကဲ့"
ဒေါ်ဘုတ်ဆုံ ကောက်ညှင်းထုတ် ထည့်နေတုန်း မှာပဲ သူ စောင့်နေရင်း မျက်လုံးကို ဟိုဟိုဒီဒီလျှောက်ကြည့်မိတော့ စျာန်ထူး က ဒေါ်ဘုတ်ဆုံ ဆိုင်ဘေးက စတိုးဆိုင်ရှေ့က ခုံမှာ ထိုင်ကာ ကောင်လေး တစ်ယောက်နှင့်စကားပြောနေသည်။သူ ကြည့်မိနေတုန်း စျာန်ထူး က ပါ လှမ်းကြည့်လာ၍ မျက်လုံးချင်းဆုံမိသွား၏ တစ်အိမ်တည်း နေကျသူချင်း မို့ မကျေနပ်ရင်တောင် နူတ်ဆက်သင့်သည် မို့ ဝတ္တရားအရ သူ ပြုံးပြလိုက်ရာ ထိုကောင်က ခပ်တည်တည် ဖြင့်သာ အကြည့်ပြန်လွှဲသွားသည်။
ရယ်ပြမိလိုက်မိ သည့် ကိုယ့်ကိုယ်ကို ပြန်ရှက်မိသွားကာ အတွင်း နူတ်ခမ်း ကို အသာကိုက်မိရင်း ဘေးကို မလုံမလဲ ကြည့်မိလိုက်၏ သူလှမ်းရယ်ပြတာကို ဘယ်သူမှ သတိမထားမိလိုက်၍ တော်ပါသေးသည် ။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...