Episode 31U

10.5K 506 19
                                    

"စျာန်ထူး..."

"ဘာလဲ ပြော"

"မင်း ဆောင်းဘောက်ငှားရမယ့် ကိစ္စကို တာဝန်ယူထားတာနော်... ဖုန်းဆက်ပြီးပြီလား မေ့နေမယ်..."

"ငါ့ စောက်လုပ် ငါ သိတယ် မင်း လျှာမရှည်နဲ့"

စျာန် လိုအပ်တာတွေကို စာရင်းမှတ်နေရာက ရုပ်တည်ကြီး နဲ့  ထ ပြောလိုက်ရာ ဇွဲမင်း က မကျေမနပ်ဖြင့်...

"အေးပါကွာ စောက်ပေါက်ကလည်း ဆိုးလိုက်တာများ...အန်တီတို့ ခင်ထူးတို့နဲ့များ တခြားစီ ဟွန့်..."

သူ့ကို ကြည့်တော့ မနက်တည်း က ဘာကိုမှ မယ်မယ်ရရ လုပ်နေတာမတွေ့ရဘဲ ဟို့လူကိုဆရာလိုက်လုပ် ဒီလူ့ကို ဆရာလိုက်လုပ် ဖြင့် ယောင်ဝါးဝါးလုပ်နေသည်။ စျာန်လက်ထဲက စာရင်းစာအုပ်ကိုစားပွဲပေါ်ပစ်ချ၍ ထို့ကောင့်ကို ပေစောင်းစောင်းဖြင့် ကြည့်လိုက်ကာ...

"ဟျောင့်.. သူတောင်းစား... မင်းကျ မနက်တည်းက ဘာမှ မယ်မယ်ရရမလုပ်ဘဲ သူများတွေကို လိုက်ပြီး ဆရာလုပ်နေတာ မမောသေးဘူးလား...ငါ ကြည့်နေလို့ အကောင်းမှတ်နေလား..."

ဇွဲမင်း က တဖက်သားအမြင်ကပ်စရာကောင်းအောင်ပုံစံမျိုးဖြင့်...တီရှပ်က်ို လက်မောင်းပေါ်ဆွဲတင်၍ မေးစေ့က မရှိသည့် အမွှေးကိုပွတ်ဟန် ပြုမူလိုက်ကာ...

"ဟ! ငါ့အလုပ်ကိုက အားလုံး ကို ညွှန်ကြားရမယ့် နေရာမှာပဲ နေရမှာ ဘာမှလုပ်စရာမလိုဘူး ကွ... ရွာလူကြီး ကိုယ်တိုင် ကငါ့ကို ဒီအလုပ်ပေးထားတာ....၊ ပြီးတော့ ဒီရွာရဲ့ကာလသားခေါင်း နေရာ ကို ဒိီနေ့ကစပြီး ဦးမိုးအစား ငါက ယူလိုက်ပြီဖြစ်တဲ့အတွက်... ငါခိုင်းတာကို သာ မင်းတို့လုပ် ... ငါ့ကို ပြန်မမေး နဲ့ ရှင်းတယ်နော်"

"ခွေးစကားပြောတတ် လွန်းတဲ့ ပါးစပ်လေး ကို နှစ်ချက်လောက် ပိတ်ရိုက်ချင် လို့ မင်း လာစမ်း...အနားကို"

ပြောရင်းဖြင့် စျာန်က ပုဆိုး မ ကာ ထိုကောင့်အနားသို့ သွားလိုက်တော့....ခြေကာ လက်ကာ ဖြင့် အနောက်သို့ ဆုတ်သွားကာ...

"မလာဘူး... ဟဲဟဲ ... မင်းကိုတော့ ငါကြောက်တယ်... ဗလကြီးက နည်းတာကြီးမဟုတ်ဘူး ... အဲ့လက်ကြီး နဲ့ နှစ်ချက်ဆိုတဲ့အားကြီးက ငါ သေသွားနိူင်တယ်...၊ငါ လုပ်စရာရှိတာတွေ သွားရှာပြီးလုပ်လိုက်ဦးမယ်နော်...မင်းလည်း အေးဆေးလုပ် သားကြီး..."

ရတုများအဆက်ဆက်ထိWhere stories live. Discover now