Episode 37Z

61 1 0
                                    

မျက်စိရှေ့မှာ မြင်နေရသည့် အခိုးအငွေ့တွေ က နှင်းမှုန်တွေလိုလို ၊ မီးခိုးငွေ့တွေ လိုလို ထိုကြားထဲ မှာ ရတု လျှောက်သွားမိနေရင်း အဆုံးမရှိနိုင် ပေ... ။

သူ ဘယ်ကိုရောက်နေတာလဲ... လူသံ သူသံရယ်လည်း မကြားမိပေ...။ လှည့်ပတ်၍ ကြည့်မိတော့လည်း ဘေး ပတ်ပတ်လည် မှာ ထို အခိုးအငွေ့တွေ ကလွဲ ပြီး ဘာမှမရှိ ...။

ကြောက်လန့်လာမိသည့် စိတ်နဲ့ ဒီနေရာနှင့် ဝေးနိုင်မည့် နေရာကို အတင်း ပြေးနေမိတုန်း မိမိ လက်တစ်ဖက်ကို လှမ်းဆွဲလာတဲ့ လက်လေးတစ်ဖက်ကြောင့် ရပ်ပြီး ပြန်လှည့်ကြည့်မိလိုက်တော့ ဈာန်...ဈာန်ရယ်လေ...။ ပြုံးရယ်နေလိုက်တာများ...မိမိ အမြဲတမ်း မြတ်နိုးခဲ့ရသည့် သွားစွယ်လေးတွေ တောင်ပေါ်လို့ပင်...။

ရတု အားရဝမ်းသာ ဖြစ်သွားရကာ ချက်ချင်းပင် ဈာန့် ရင်ခွင်ထဲကို ပြေးဝင်လိုက်မိသည်...နွေးထွေးတယ် နာကျင်စရာတွေကို မေ့သွားရလောက်တဲ့အထိ ဒီရင်ခွင်က သူ့အတွက် နွေးထွေးလွန်းတယ်...။

"လွမ်းတယ်...ဈာန်...အရမ်းလွမ်းတယ်...၊ ကိုယ် အဆင်မပြေဘူး မင်း အငွေ့အသက်တွေနဲ့ ဝေးနေတဲ့ နေရာမှာ ကိုယ် တစ်စက္ကန့်လေးတောင် နေလို့ အဆင်မပြေဘူး... ကိုယ့်ကိုခေါ်သွားပေးပါ ... ဒီနာကျင်မူ့တွေ ၊ ဒီလို ခံစားမူ့တွေနဲ့ ဝေးတဲ့နေရာကို ခေါ်သွားပေးပါ... ကိုယ့်အနားမှာ မင်း ရှိနေမှဖြစ်မယ် ဈာန်...မင်းမရှိရင် ကိုယ် သေသွားနိုင်တယ်"

သူ ဈာန့် ကိုယ်ကြီးကို တင်းနေအောင်ဖက်ကာ အသည်းအသန် ငိုယိုပြီး ပြောနေပေမယ့် ဖက်တွယ်ထားသည့် ထိုကောင်လေး ရဲ့ကိုယ်ကြီးက တဖြေးဖြေး နှင့် လက်ထဲမှာပဲ အခိုးအငွေ့တွေ အဖြစ် ပြန်လည် ပျောက်ကွယ်သွားရာ...ရတု အလန့်တကြား ဖြစ်မိသွားရင်း...

"ဈာန်... မင်းဘယ်ကိုရောက်သွားတာလဲ..."

"............"

"ဈာန်...ကိုယ့်ကို မနောက်ပါ နဲ့ ပြန်လာခဲ့ပါ...ကိုယ် တောင်းပန်တယ်...ဒီလိုမျိုးကြီး မနောက်ပါနဲ့ကွာ...ကိုယ်တယောက်တည်း မနေရဲဘူး ဈာန်..."

"ဈာန်!..."

အော်သံ နဲ့ အတူ မျက်လုံးတွေ ကို ပါ ဖွင့်လိုက်မိတော့...ပထမ ဆုံးမြင် လိုက်ရသည့် မျက်နှာကျက် ဖြူဖြူ...၊ နှာခေါင်းထဲသို့ တိုးဝင်လာသည့် ဆေးနံ့တစ်ချို့ နှင့် မိမိလက်မှာ သွယ်တန်းထားတဲ့ ဆေးပိုက်တို့ကြောင့် သူ ဆေးရုံရောက်နေတာ သတိထားလိုက်မိသည်...။

ရတုများအဆက်ဆက်ထိWhere stories live. Discover now