Episode 27U

9.5K 476 24
                                    

ရွာအနီးလျှောက် စပ် ရှိ ပွဲကြိုက်ကြသူ လူအများက ယခုလို ပွဲတော်ရက်တွေ ဆို ဇာတ်ပွဲ ကောင်းကောင်း ပါ ရှိတတ်သည့် ကန်သာယာ ရွာကို သာစုပြီးလာလည်တတ်ကြသဖြင့် လမ်းတစ်လျှောက်မှာ တော့ တိုးမပေါက် အောင်စည်ကားလျှက် ရှိနေ၏။

ဆိုင်ကြီး ဆိုင်ငယ် ဖြင့် ရောင်းချနေသော မုန့်စျေးတန်းများ ... ၊ကလေး တို့အကြိုက် အမျိုးအမည် စုံလှသည့် အရုပ်မျိုးစုံကို ရောင်းနေတဲ့ ဆိုင်များ ၊ အဝတ်အစား ဖိနပ် မှ အစ ရနိုင်သည့် ဆိုင်များ ထိုသို့သော ဆိုင် အသီးသီး တွင်လည်း လူအများ ကြိတ်ကြိတ်တိုးစည်ကားလျှက်ပင် ...  ။

ကလေးတွေ အပျော်တန်း သေနတ်ပစ် ကစားရင်း အရုပ်ယူရသည့် ဆိုင် ရှေ့ သို့ အရောက် ရတု ရှေ့စုံရပ်ပြီး စိတ်ဝင်တစား ငေးနေတုန်း
မိမိ လက်တစ်ဖက် ကို ဖက်တွယ်လာတာကြောင့် ငဲ့ကြည့်မိရာ တိမ်ဦးယံ...

"လူတွေအများကြီး ပဲ ကိုကို... အသက်ရှူတွေတောင်ကျပ် လာ သလိုပဲ..."

မျက်နှာငယ်လေး ဖြင့် ပြောလာပြီး နဖူးထက်တွင် ချွေးတွေ ပါ ပျံနေတာကြောင့် ရတု စိုးရိမ်သွားရကာ...

"ဒါဆို ပွဲခင်းထဲ ကို ကြိုပြီး သွားနှင့်လိုက်မလား.... အဲ့ဒီမှာက ကိုယ့်ဖျာ နဲ့ ကိုယ်ထိုင်ရမှာဆိုတော့ ယံလေး အဆင်ပြေ လောက်တယ် သွားမလား"

"ဟုတ်...သွား နှင့်လိုက်မယ် ကိုကိုရော လိုက်မှာ မှတ်လား..."

"ကိုကို က ခဏဒီမှာ ပတ်ကြည့်လိုက်ဦးမယ် ပြီးရင်လာမှာလေ အခု  ယံလေးကိုတော့ လိုက်ပို့ပေးမယ်..."

ကိုကိုမပါဘဲ မိမိ တစ်ယောက်တည်း သွားရကြောင့် တိမ်ဦးယံ သိပ်တော့ စိတ်မပါပေ  ။ သို့သော်လည်း  ဒီလူ အုပ်ကြား မှာ အနံ့ပေါင်းစုံနှင့် တကယ်ပင် ချွေးပြန်ပြီး ခေါင်းပါမူးနောက် လာ ရသည်မို့...

"အင်း အဲ့တာဆိုလည်း သွားမယ်လေ ကိုကို လိုက်ပို့ပေး နော်"

"အင်း...ခဏလေး..."

တိမ်ဦးယံကိုပြန်ဖြေပြီး ဇွဲမင်း နှင့် စကားပြောနေသည့် စျာန်ထူး ဘက် ကို လှည့်ကာ ပခုံးဆီ အသာပုတ်လိုက်ရင်း...

ရတုများအဆက်ဆက်ထိWhere stories live. Discover now