Episode 38Z

78 2 0
                                    

ဒီနေ့နဲ့ဆို အကို အနားမှာ မရှိတာ ၃လပြည့်တော့မယ် ...အတိအကျ ဆိုလျှင် ရက်ပေါင်း ရှစ်ဆယ့် ငါးရက် ပေါ့...ရွေ့လျှားနေတဲ့ စက္ကန့်တိုင်း အသက်ရှူနေတဲ့ မိနစ်တိုင်းမှာ တစ်ချက်လေးမှ မမေ့ခဲ့ဘူး အကို...။

မင်းမရှိရင် ကိုယ်တော့ အဆင်ပြေနိုင်မယ် မထင်ဘူး ဆိုတဲ့ အကို က သူ့ကို နူတ်ဆက်ခွင့်တောင် မပေးဘဲ ထွက် သွားလိုက်တာများ တစ်ချက်လေးတောင် မ ဆက်သွယ်ခဲ့ပါ... ရက်စက်လိုက်တာ လို့လည်း အပြစ်မတင် ရက်သလို နေနိုင်လွန်းတယ် လို့လည်း သူ မဆိုရက်ပေ... အကိုသာ ပျော်မယ်ဆို... ဒီကောင် က ရင်ကွဲခံပေးရလည်း ဖြစ်တယ် ...။

တစ်ယောက်တည်း အထီးကျန်ပြီး ဖြတ်သန်းရတဲ့ ညတွေ များလာလို့လား မသိဘူး... တခါတလေ လေတိုးသံကအစ အကို့ ရဲ့ ခေါ်သံတွေ လို့ ထင်မိပြီး ပြေးထွက် ကြည့်မိတဲ့အထိ အရူး ထ မိတဲ့ အကြိမ်တွေ တောင်များခဲ့ပြီ...။

အဝေးမှာအဆင်ရောပြေရဲ့လား... အရမ်းအေး တဲ့ အချိန်တွေ ဆို နွေးနွေးထွေးထွေးရော ဝတ်ထား ပါ့ မလား အအေးဒဏ် မခံနိုင်တဲ့လူမို့ ကျွန်တော့် ရင်ခွင် နဲ့ ဝေးတဲ့နေရာမှာ အကို တစ်ယောက်... အဆင်ရောပြေနေပါ့မလား ။

ကျွန်တော်လေ...မညာတမ်းဝန်ခံရရင် အကို့ ရဲ့ အပြုံးနုနုလေး ကို မြင်ချင်သေးတယ်... အကို့ရဲ့ခပ်တိုးတိုးရယ်သံလေး ကို လည်း ကြားချင်မိသေးတယ်... စနောက်လေတိုင်း စူပုတ်သွားရတဲ့ နူတ်ခမ်းပါးလေးကိုလည်း ခပ်ဖွဖွ အနမ်းတွေ ပေးချင်သေးတယ်...။

ပြီးတော့ ကျွန်တော် အမြဲစွဲလန်းခဲ့ရတဲ့ အကို့ ရဲ့ ကိုယ်သင်းနံ့လေးရှိရာ ရင်ခွင်လေးထဲကို တိုးဝင်ပြီး...ကျွန်တော် တော့ လွမ်းလွန်းလို့ ရူးရပါတော့မယ် အကိုရာ လို့...ချွဲလိုက်ရင် ..မင်း အပိုတွေ အရမ်းပြောတဲ့ကောင်...ဆိုပြီး အကို က မျက်စောင်းလေး ထိုးလေဦးမလား...၊

အကြိမ်ကြိမ် ရွေးချယ်ခွင့်ရခဲ့လည်း နှလုံးသားက ဒီလူပါပဲ...ဒီတိုင်းလေး ပဲ ပေါင်းဖက်ပေးလိုက်လို့မရဘူး ဒီတိုင်းလေး ပဲ ဆုံစည်းခွင့်ပေးလိုက်လို့မရဘူးလား...တခါတလေတော့လည်း ဝေးရခြင်းတွေ ကို ဖန်တီးပေးတတ်တဲ့ ကံကြမ္မာဆိုတဲ့ ကောင်ကို ရှာဖွေပြီးသာ ပိတ်ရိုက်ပစ်ချင်မိသည် ... ငါ့ အတွက် မင်းရေးတဲ့ ကံကြမ္မာ ဆိုတာ ဒီလိုတွေ ချည်းပဲလားဆိုပြီး....။

ရတုများအဆက်ဆက်ထိWhere stories live. Discover now