"စျာန်..."
"ဗျာ...အမေ"
"ဆရာလေး အခန်းထဲ က မီးချောင်းလေး ညက ကျွမ်းသွားလို့တဲ့ကွယ်...အဲ့တာ သားအားတုန်းလေး သွားလဲ တပ်ပေးလိုက်ပါဦးလား... အဲ့ဒီမှာ အမေ အသစ်ဝယ်ထားပြီးသား..."
"မီးချောင်းလောက် က တော့ သူ့ဟာသူ တပ်တတ် မှာပေါ့ အမေရယ်..."
"ကိုယ် တကယ် မတပ်ရဲလို့ပါ...ကူညီပေးလို့ရမလား"
ရတု အခန်းထဲဝင်ရမှာ သူ့ စိတ်သူ မလုံတာကြောင့် ဒီလူ လည်း ရှိ မနေလောက်ဘူး ဟုထင်မိ၍ အငြင်းစကား ဆို လိုက်မိတာဖြစ်သည်။ သို့သော်လည်း ဘယ်အချိန်ကတည်း ရှိနေမှန်း မသိတဲ့ လူက မီးဖိုခန်းထဲကနေ ကော်ဖီခွက်လေးကိုင်ကာ ထွက်လာပြီး ပြောလိုက်တာကြောင့် စျာန် အားနာစိတ်ဖြစ်မိသွားရ၏။
"အင်းပါ ကျွန်တော် လာ တပ်ပေးမယ်"
"ကျေးဇူးပဲ..."
ခပ်တည်တည် မျက်နှာလေး ဖြင့် မျက်ခုံးတချက်ပင့်ကာ ပြောရင်း လှေကားကနေ တက်သွားသည်။ ကြာနေရင် မလုပ်ပေးချင်ဘူး ထင်နေမည် စိုး၍ မီးချောင်း ကို ယူကာ စတိုခန်းထဲက အလူမီနီယံ လှေကား ကိုပါ တစ်ခါတည်း ရှာယူလိုက်ပြီး အနောက်က တန်း လိုက် ခဲ့လိုက်သည်။
"မင်း အဆင်ပြေရဲ့လား ကိုယ် ကိုင်ပေးထားမယ်လေ..."
"ရတယ်...ရတယ် မကိုင်နဲ့"
လှေကား က နှစ်ဖက်ခွထောက်ထားတာ ဆိုပေမယ့် စျာန့်ကိုယ်ကြီး က သူများနဲ့မတူအောင် မိုးထိုးနေတော့ လှေကား က မနိူင်ဘဲ လဲကျသွားမှာစိုးရိမ်၍... ရတု ကိုင်ပေးထားချင်ပေမယ့် လုံးဝ ကို အကိုင်မခံရာ... အောက်ကနေပဲ မီးထိုးပြရင်း ရပ် ကြည့်နေရသည်...။
"ရပြီ...မီး ... ဖွင့်ကြည့်လိုက်ဦး"
"အင်း"
ထောက်က နဲ မီးဖွင့်သံအဆုံးမှာတော့ မီးရောင်က တစ်ခန်းလုံး ဖြာကျနေအောင်လင်းသွားသည်...။
"အဆင်ပြေပြီမှတ်လား...ဒါဆို ကျွန်တော် ဆင်းတော့မယ်နော်"
"အင်း...ဆင်းလာ လို့ရပြီ"
စျာန် လှေကားထိပ် မှာ ခွ ထိုင်နေရင်းကပင် အသာထိန်းကာ ပြန်ဆင်းလိုက်သည် ။ မပြုတ်ကျအောင် သေချာ ဂရုစိုက်၍ ဆင်းလိုက်ပေမယ့် လည်း လှေကား အစုတ် က မိမိ ကို ရတုရှေ့မှာ အရှက်ကွဲ စေချင်သည့်ပုံရ၏...။ဆင်းနေရင်း နဲ့ပင် အလယ်နားကို ရောက်ကာ မှ ကိုယ့် ခန္ဓာကိုယ် ကြီး ကို မထိန်းနိူင်စွာ ယိုင်ကျသွားသည်။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...