Episode 26U

10.1K 483 22
                                    

"အကို အိပ်နေပြီလား"

တံခါးကို စေ့ ရုံ စေ့ထား၍ စျာန် မေးရင်းဖြင့် တန်း ဝင်လာလိုက်သည်...။ အစောပိုင်းက ဖြစ်ရပ်နှင့် ပတ်သက်ပြီး အကို သေချာပေါက် စိတ်မကောင်း ဖြစ်သွားမှာ သူ သိသည် ။ နေ့လယ်လောက် တည်းက ချော့မော့ နေပေမယ့် ခေါင်းမာနိုင်လွန်းသည့် လူက အခုထိ စိတ်ဆိုးပြေပုံမရ...။

အိပ်ယာပေါ်တွင် ကိုယ်လေး စောင်းကာလှဲနေသည့် ဘေးသို့ အတူတူ ဝင်လှဲလိုက်ပြီး ကျောပေးထားသည့် ကိုယ်လေး ကို ဆွဲလှည့်လိုက်ရာ အလိုက်သင့်လေးပါလာသည် ။ မျက်လုံးတွေ ကို ဖိမှိတ်ထားပေမယ့် အိပ်နေတာ မဟုတ်မှန်း စျာန် သိလိုက်တာကြောင့် ထိုမျက်ဝန်းလေး တွေကို ဖိကပ်နမ်း လိုက်တော့ အနည်းငယ်လှုပ်ရှားလာသည်။

"အဟွန်း! အိပ်ချင်ယောင်ဆောင်နေတာလား"

ပြောရင်းဖြင့် ရတု ယားတတ်မှန်းသိနေတော့ ခါးလေးကိုတို့လိုက်ရာ လက်တွေကိုပုတ်ထုတ်ပစ်လာပြီး...

"မလုပ်နဲ့စျာန်... ကိုယ် ရယ်ချင်စိတ်မရှိဘူး"

"ဘာဖြစ်လို့လဲ... အကိုရဲ့ မနက်က ကိစ္စဆိုရင် ကျွန်တော် ကျေနပ်အောင် တောင်းပန်နေတာပဲ စိတ်ဆိုးပြေလိုက်တော့လေ...နော်"

စိတ်ဆိုးတာ နဲ့ စိတ်မကောင်းဖြစ်တာ နဲ့ မတူဘူးဆိုတာကို သူ့ နူတ်က အမြဲပြောနေပေမယ့် စျာန်ထူး က တကယ်တမ်းကျ နားလည်ပုံမရပေ။ ထို့ကြောင့်ပင် ခိုး၍ သက်ပြင်းချလိုက်ပြီး ဘာကိုမှ ဖြေရှင်းချင်စိတ်မရှိတော့တာကြောင့်။

"ကိုယ် အိပ်တော့မယ်.... မင်း သွားရင် တံခါးပိတ်ပေးခဲ့..."

"ဟာ! မအိပ်ရပါဘူး လပြည့်နေ့လေး ကို အကိုရာ ကိုယ့်ချစ်သူ နဲ့ အတူတူ ဖြတ်သန်းရမှာပေါ့... အိပ်ပစ်ရင်နှမြောစရာကြီး .... ထ ပါ အောက်မှာ ဆီမီး အတူတူထွန်းကြမယ်လေ... ပြီးရင် ဘုရား ပွဲ သွားမယ်.... ပွဲ အတူတူကြည့်မယ်လေ....နော်"

မျက်နှာ အနှံ့ ကို လက်ညှိုးဖြင့် နဖူးဆီ တို့ လိုက် နှာခေါင်းကို တို့လိုက် ဖြင့် ချော့မော့ သလို ပြောနေပေမယ့် လူက အဲ့လိုတွေလုပ်ဖို့ကို လုံးဝ စိတ်မပါနေတာကြောင့်...

ရတုများအဆက်ဆက်ထိWhere stories live. Discover now