Episode 35U

9.3K 442 20
                                    

ကနုတ်ပန်း အလှတို့ဖြင့် အနုစိတ် စီခြယ် ထားသော ကျွန်းဆက်တီ ခုံ ကြီးတွေရဲ့ ခမ်းနားမူ့က ထိုအပေါ်မှာ ခြေချိတ်ကာ ထိုင်နေသည့် ဒေါ်သီရိနွယ် ရဲ့ ကျက်သရေရှိလှသော အလှတရားတို့ကြောင့် ပိုမို တောက်ပနေသယောင်...။

ကျန်းမာရေးမကောင်းသည့် အမျိုးသမီး ဆိုတာ ကာယကံရှင် ကိုယ်တိုင် ပြောပြချက်နှင့် ဆရာဝန်ဆေးစစ်ချက် အရ သာယုံရမည် ဒေါ်သီရိနွယ် ရဲ့ အလှတရား ကတော့ တစ်စက်လေးမှမလျော့... ဝတ်ဆင်ထားတဲ့  အဝါရောင် ချိတ်ဝမ်းဆက် က ဖွေးဝင်းနေသည့် သူမအသားအရည် ပေါ်မှာ တသားတည်း ရှိနေသည်။  ဆံပင်တွေ ကို နဖူးအပြောင် လှန်သိမ်းကာ ထုံးထား ပြီး မာန်အပြည့်ဖြင့် ချီထားသည့် မျက်နှာမှာလည်း အရာရာ ကို အမိန့်ဆန်ဆန် ထိန်းချုပ်ထား နိူင်သည့် ရုပ်ရည်မျိုးပင်...။

ဒေါ်သီရိနွယ် မျက်စိ အရှေ့က အနီရောင် ကတ္တပါဗူးဆီ လှမ်းယူလိုက်ပြီး မြေးအတွက်အထူး မှာပေးထားသည့် ပတ္တမြားလက်စွပ်လေးကို ထုတ်ကြည့်ကာ ကျေနပ်နေမိသည်...။

ဝင်းအိနေသည့် ရွှေပေါ်မှာ မြုပ်နှံထားတဲ့ ပတ္တမြားကတော့ ရှားပါး အရည်အသွေးကို သူမ စိတ်ကြိုက်မှာထားတာ ကြောင့် ပြောစရာမလိုအောင် အရည်လဲ့ ၍ လှပလွန်းနေသည် ...။

မြေးရဲ့မျက်နှာလေး ကို မမြင်ရခင် တုန်းကတောင် သမီးအပေါ် ကို အပြစ်မကင်းတဲ့စိတ်နဲ့ သူမ ကြိုပြီး ကရုဏာသက်ခဲ့ရတာ... ယခုလို မြေးမျက်နှာ ကို မြင်ရချိန်မှာတော့ မြေးရဲ့ချစ်စရာကောင်း ပုံ စကားတတ်ပုံလေးတွေက သမီးရဲ့ငယ်ဘဝလေးကို ပြန်မြင်နေရသလိုပင် ... ။

ဒါကြောင့် ပဲ သမီးလေး အပေါ်မှာ သူမ တာဝန်မကျေခဲ့ရသမျှ ဒီ မြေးလေးအပေါ်မှာ အတိုးချ ပြီး တာဝန်ကျေ ချင်မိသည် အရာအားလုံးဖြည့်ဆည်း ပေးချင်မိသည်...။ ဒေါ်သီရိနွယ်ရဲ့ တစ်ဦးတည်းသော မြေးပေမို့ လင်းသုတစျာန် ရဲ့ ဘဝက လူတိုင်းထပ် ပိုပြီးတောက်ပနေရမည် ၊ လူတိုင်းထပ်ပိုပြီး တော်နေ တတ်နေရမည် ၊

လူမသိ သူမသိ ရွာငယ်လေးမှာ တသက်လုံးနေသွားရမယ့် အဖြစ်မျိုး သူမ လုံးဝအဖြစ်မခံနိူင်ပါ..၊ ထို့ကြောင့် ဘယ်လိုနည်း နဲ့ ဖြစ်ဖြစ် မြေးကို ကန်သာယာ ရွာသို့ ပြန်မလွှတ်ပေးနိူင်တော့...။

ရတုများအဆက်ဆက်ထိWhere stories live. Discover now