"ဒါက ဒီအိမ် ရဲ့အိမ်ရှင် အန်တီ ဒေါ်မေယဉ်တဲ့... ဒါကတော့ အန်တီမေ ရဲ့ သမီး ခင်ထူး ဒါက အန်တီမေ့ သား ဈာန်ထူး ... ယံလေးနဲ့အသက်အတူတူလောက် ပဲ သူငယ်ချင်းလိုပေါင်းလို့ရတာပေါ့ ဟုတ်ပြီလား..."
ထို့နောက် ရတု... လုံးလုံး ဘက်ကိုလှည့်လိုက်ပြီး လုံးလုံးပါးလေး ကို ချစ်စဖွယ် ဖွဖွလေး လှမ်း၍ ဖျစ်ညှစ်လိုက်ကာ..
"ဒီက သားသား လေးကတော့ ကိုကို့ ညီမလေးနဲ့ဈာန်ထူး ရဲ့ သားလေး လုံးလုံး လို့ ခေါ်တယ်..."
ကိုကို မိတ်ဆက်ပေးနေ၍ တိမ်ဦးယံ အားလုံး ကို အပြုံးဖြင့် လိုက်လံကာ နူတ်ဆက်လိုက်ပေမယ့် ဈာန်ထူး ကို တော့မပါခဲ့ပေ ။ ဒီလူက မိမိ ဒီအိမ်ကို ရောက်ကတည်းက လိုက်ကြည့်နေတဲ့ အကြည့်ကြီး က ကြောက်စရာပင်...။ သတိထားမိသလောက်ဆို ရပါလျှင် သူ ကိုကို့ အနားကို ကပ်မိလိုက်သည့် အချိန်ဆို ပိုဆိုးသည် ။
မသိရင် ကိုယ့်ကိုပဲ အမြဲ စောင့်ကြည့်နေသလိုကို ခံစားမိရ၏။ သူ့အိမ်က တစ်ခုခုခိုးမှာကြောက်နေတာများလား...။ ဟွန့် တိမ်ဦးယံတို့ပိုင်ဆိုင်မူ့ကို ချပြလိုက်ရင် ဒီလူ ရူးတောင်သွားနိုင်သည်။
"မှတ်ထားနော် ယံလေး အားလုံး ကို ကိုယ့်မိသားစုလိုပဲသဘောထားရမယ်..."
"ဟုတ်ကဲ့... ကိုကို"
တိမ်ဦးယံ ကိုကို့ ကို အပြုံးချိုချိုလေးဖြင့်ပြန်ပြောလိုက်ပြီး အားလုံးဘက် ကို လှည့်ကာ...
"ကျွန်တော့် နာမည် တိမ်ဦးယံ ပါ ခင်ဗျ"
အန်တီမေ က တော့ သူမ ရဲ့ ကြင်နာတတ်တဲ့ အမူအကျင့် လေးအတိုင်း တိမ်ဦးယံဆီ ကို နူတ်ဆက် အပြုံးဖြင့် နွေးထွေးစွာ ပြုံးပြလာပြီး..
"ဆရာလေး ရဲ့ ညီလေး က ဆရာလေးလိုပဲအချောလေးပါလား ကွယ်..."
တိမ်ဦးယံ က အန်တီမေ့ ဆီကို တည်တည်ငြိမ်ငြိမ် မျက်နှာပေးလေးဖြင့် ပြန်ကြည့်လိုက်ပြီး...
"ညီ မဟုတ်ပါဘူး အန်တီမေ...သားက ကိုကို့ ကောင်လေး ပါ..."
"ဟင်!"
"အဟွတ်...အဟွတ်"
တိမ်ဦးယံ ရဲ့ ဖြေသံ အဆုံးမှာတော့ အာမေဋိတ် သံတွေ က စုံလင်သွားရ၏...။ ဈာန် က ရေသောက်နေရင်း ရေပါ သီးတဲ့အထိ အံသြသွားရကာ...ခင်ထူးကလည်း မယုံနိုင်သည့် မျက်နှာလေးဖြင့်...
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...