"စျာန် ဆရာလေး အစောက ပြန်လာတာတွေ့တယ် မအိပ်ခင်လေး မနက်စာ စားရအောင် သွားခေါ်ခဲ့ချည်..."
"သူ့ဟာသူ ဆင်းလာမှာပေါ့ အမေရယ် မခေါ်ချင်ဘူး..."
"စျာန်နော် အမေ အမြဲပြောတယ် ဧည့်သည်အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ ဖို့ကို...သြော်... ပြီးတော့ တိမ်ဦးယံ လေးလည်း အစောက ဆရာလေး ပြန်လာလို့ အပေါ်တက်သွားတာတွေ့လိုက်တယ် သူ့ပါ တစ်ခါတည်းခေါ်လာခဲ့လိုက်..."
တိမ်ဦးယံ အတွက်က အခန်း ကို အရင် ခင်ထူးနေသည့် အခန်းမှာပဲ ပြင်ဆင် ပေးထားပြီး ခင်ထူး ကတော့ အမေတို့နဲ့ သွားနေသည် ဖြစ်ရာ ... ယခု မင်းရတုမောင် အခန်းဆီကို တက်သွားတယ်ဟု ကြားလိုက်တော့ စျာန် နေရာကနေ ချက်ချင်းထ လိုက်သွားချင်စိတ် ဖြစ်မိသွားရ၏... ဒါပေမဲ့ လည်း မသွားချင်ဘူး ဟု အိုက်တင်ခံထား တော့ အမေ နောက်တစ်ခေါက်ထပ် ပြောလာမှာ ကို စောင့်နေ လိုက်သည်။
ဒေါ်မေယဥ် က ပဲ ဟင်းအိုးမွှေနေရင်း မှ လှည့်ကြည့်လာကာ...
" ဟဲ့ !စျာန်... သွားလေကွယ်...အခုထိ မ ထသေးဘူးကြည့်...ဒီကောင်လေးက..."
"အမေကလည်းဗျာ... မသွားချင်ပါဘူးဆို"
စျာန် ဟန်ကိုယ့်ဖို့ ဖြင့် အမေ့ ကို ပြန်ပြောလိုက်ပေမယ့် နောက်ထပ် တစ်ကြိမ်ထပ်၍ ခိုင်းလိုက်တာကြောင့်တော့ စိတ်ထဲက ကျိတ်ပျော်မိသွားသည်။
"သြော်... ဒီကောင်လေးဟာ...ကလေးလည်းမဟုတ်ဘူး...ပြောရဆိုရ ဒီလောက်ခက်နေတာ... ငါ ဇွန်းနဲ့ခေါက်လိုက်မိတော့မယ်...သွားအခု..."
"သွားပါမယ်...အမေရေ"
စျာန် အမေ့ရှေ့ကနေ မသွားချင် သွားချင်မျက်နှာ နဲ့ အပေါ်ထပ်ကိုတက်ခဲ့လိုက်သည်။ မင်းရတုမောင် အခန်းရှေ့ကို အရောက်မှာတော့ အခန်းတံခါး က အနည်းငယ် ဟ နေတာကြောင့် တံခါးခေါက်မနေတော့ဘဲ တန်း၍ ဖွင့်ဝင်သွားလိုက်မိရာ...
"ဟင်!
"ဟာ!
မြင်လိုက်ရသည့် မြင်ကွင်းက သူ့ စိတ်အစုံကို မြောင်းထဲရောက်အောင် ပစ်လိုက်သလိုပင်...။ ရတု က ခန္ဓာကိုယ် မှာ အဝတ်အစား ဆိုလို့ ဘောင်းဘီတိုလေး တစ်ထည်သာ ပါ သည် ။ တိမ်ဦးယံ က ထိုခန္ဓာကိုယ်လေး ကို နောက်ကနေ သိုင်းဖက်ထား ကာ လည်ပင်းတွေကို အတင်းလိုက်နမ်းနေသည့်ပုံပင်...။ သူ့ကိုမြင်လိုက်တော့ ရတု က လန့်သွားတဲ့ ပုံလေးဖြင့် ဇွတ်အတင်း ရုန်းသည် ။ တိမ်ဦးယံ မျက်နှာကတော့ ထုံးစံအတိုင်း သူ့ကို ဂရုမစိုက်စွာ....
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...