Episode 7Z

59 3 0
                                    

ရတု ရေမိုးချိုးကာ ပြင်ဆင်လို့ အပြီးမှာတော့ အောက်ထပ် ကို ဆင်းခဲ့လိုက် ရာ ဧည့်ခန်းမှာထဲရှိ ခုံမှာ ဘယ်တည်းက ကြိုစောင့်နေမှန်းမသိသည့် ဈာန်ထူးကို လှမ်းမြင်လိုက်ရသည်...။

မနေ့က ပြောစဉ်တုန်း က ကျ ခက်နွယ် ကို ကျွန်တော် က လိုက်ကြောင်စရာလားဟူ၍ အပြောကြီးထား သည့် ကောင်က အခုတော့ဖြင့် ခက်နွယ် အိမ်လောက် ထမင်းစား သွားမှာ ကို မင်းသားရှုံးအောင်ပြင်ဆင်ထားတာကြောင့် ရတု အလိုလို နှာခေါင်းရှုံ့မိလိုက်သည် ။

ပုဆိုး နီညိုရောင် ကွက်စိပ် ဖြင့် မီးအိုးကျိုးအောင် တိုက်ထားသည့် အသားရောင်ရှပ်လက်တို ကို တွဲဝတ်ထားသည်က ညိုစိုနေသည့် သူ့ အသားအရည်ပေါ် မှာ လိုက်ဖက်စွာရှိနေ၏။ ဒီကနေ့မှ ရိပ်သင်ထား ပုံရတဲ့ နူတ်ခမ်းမွှေး မုတ်ဆိတ်မွှေးရာ စိမ်းမြမြ တို့ မှာလည်း ယောက်ကျားပီပီသသ သူ့ မျက်နှာအကျပေါ်မှာ လွန်စွာကြည့်ကောင်းသည် ။

ဘေးနှစ်ဖက်ပါး ၍ ဒေါက်ပေါ်အောင် ပုံဖော် ညှပ်ထားသည့် ဆံပင်တွေ ကို အနောက်သို့သိမ်း၍ လှန်ဖြီးထားသည်...ထိုသည်က အနည်းငယ် လူကြီးဆန် တဲ့ ပုံပေါက်နေပေမယ့်လည်း ဈာန်ထူးနဲ့တော့ အထူးတလည် ကြည့်ကောင်းနေသည် ။ ဒီလောက်အထိပြင်ဆင်ထားဖို့လိုလို့လား...။

လှေကား မှ ခပ်တည်တည် မျက်နှာလေးနှင့်ဆင်းလာသည့် ရတု ကို လှမ်းမြင်လိုက်တော့ ဈာန် က ထိုင်နေရာက လှမ်း၍ နူတ်ဆက်သလိုပြုံးပြလိုက်သည်။

"ခင်ဗျား အားလုံးပြင်ဆင် လို့ ပြီးပြီမှတ်လား...သွားကြမယ်လေ... နည်းနည်းတောင် နောက်ကျနေပြီ ခက်နွယ် တို့ လည်းမျှော်နေလောက်ပြီ"

လက်က နာရီကို တချက်ကြည့်ကာ တက်တက်ကြွကြွ ဖြင့် ပြောနေ သည့် ဈာန့်ပုံစံကို ကြည့်၍ သူ့ စိတ်ထဲမှာ အလိုလို မကျေနပ်နိုင် ဘာကိုမကျေနပ်တာလဲ ဆိုတာကိုပြန်တွေးမိပေမယ့်လည်း ကိုယ်တိုင်တောင် အဖြေမရှာတတ်... ။

နေရာမှာ မတ်တပ်ရပ်ရင်း အတန်ကြာသည်အထိ အတွေးလွန်နေတာကြောင့် သူ့ဆီက အဖြေမလာတော့ ဈာန်ထူး က မျက်နှာရှေ့ကို လက်ဖျောက် တချက် တီးလာကာ...

ရတုများအဆက်ဆက်ထိWhere stories live. Discover now